DVB Logo
Home
မြန်မာသတင်း
ခန္တီး၊ ဟုမ္မလင်း ၄ နှစ်အတွင်း အပူချိန် စံချိန်တင် မြင့်တက်
DVB
·
July 16, 2022
ခန္တီး၊ ဟုမ္မလင်း ၄ နှစ်အတွင်း အပူချိန် စံချိန်တင် မြင့်တက်
Donate to DVB

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ခန္တီးမြို့နဲ့ ဟုမ္မလင်းမြို့တွေမှာ အရင်နှစ်တွေထက် အပူချိန် စံချိန်တင်မြင့်တက်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇူလိုင် ၁၄ ရက်က ဟုမ္မလင်းမြို့မှာ ၃၈ ဒသမ ၃ ဒီဂရီစင်တီဂရိတ် နဲ့ ခန္တီးမြို့မှာ ၃၉ ဒသမ ၃ ဒီဂရီစင်တီဂရိတ်နဲ့ နေ့အပူချိန်ရှိခဲ့ပြီး ခန္တီးမြို့ရဲ့ အမြင့်ဆုံးအပူချိန် စံချိန်သစ်သတ်မှတ်ချက်မှာ ၁၀၂ ဒသမ ၇ ဖြစ်ပြီး ဟုမ္မလင်းမြို့ရဲ့ အမြင်ဆုံးအပူချိန် စံချိန်သစ် သတ်မှတ်ချက်မှာ ၁၀၀ ဒသမ ၉ ဖြစ်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

ရွှေပန်းထိမ် လုပ်ကိုင်သူတစ်ဦးက  "အတော်ပူတယ်ဗျာ။  နေ့လည်ဆို အပြင်မထွက်နိုင်ဘူး။ ထိုင်နေရင်းကို ချွေးထွက်နေတာ ချွေးထွက်များပြီး လူက နုန်းနေလို့ ဓာတ်ဆားရေ သောက်နေရတယ် "လို့ ပြောပါတယ်။

ဟုမ္မလင်းမြို့မှာ ၂၀၁၈ ခုနှစ်က အမြင့်ဆုံးအပူချိန်မှာ ၃၇ ဒီဂရီ စင်တီဂရိတ်ရှိခဲ့ပြီး ခန္တီးမြို့မှာ ၃၉ ဒီဂရီစတင်တီဂရိတ်ရှိခဲ့တယ်လို့ ခရိုင်မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ခရိုင် မိုးဇလက ဇူလိုင် ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတာယ်။

ဒေသခံတစ်ဦးကလည်း "ထုတ်ပြန်ချက်ထက် အပြင်မှာ ပိုပူတယ်။ အပူချိန် ၄၀ ကျော်‌ လောက်ရှိမယ်။ တောတောင်တွေ ပျက်စီး၊ ရာသီဥတုက အစွန်းရောက်ဖြစ်‌နေပြီ။ မိုးရွာရင်လဲ ရေကြီး ရေလျှံဖြစ်အောင်ရွာ၊ နေပူပြီဆိုလည်း ခါးမှာ ပုဆိုးမကပ်အောင် ပူတာပဲ" လို့ ပြောပါတယ်။ 

မိုးရာသီအစမှာ မိုးသည်းထန်စွာရွာသွန်းခဲ့လို့ ဥရုချောင်း ရေလျှံပြီး အနိမ့်ပိုင်းကျေးရွာများ ရေဝင် နစ်မြုပ်ခဲ့ကာ ကျေးရွာချင်းဆက်လမ်းများ ရေနစ်မြုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013