DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့က တက္ကသိုလ်ဆရာ ဆရာမများအပါအဝင် CDM ပညာရေးဝန်ထမ်းများ ဖမ်းဆီးခံရ
DVB
·
July 15, 2022
မြိတ်မြို့က တက္ကသိုလ်ဆရာ ဆရာမများအပါအဝင် CDM ပညာရေးဝန်ထမ်းများ ဖမ်းဆီးခံရ
1 / 2
Donate to DVB

တနင်္ဿာရီတိုင်း၊ မြိတ်မြို့မှာရှိတဲ့ CDM ပညာရေးဝန်ထမ်းတွေကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေက ဇူလိုင် ၁၄ ရက် ညမှာ ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ CDM ပညာရေးဝန်ထမ်းတွေဖြစ်တဲ့ မြိတ်ကွန်ပျူတာက္ကသိုလ်က မော်ကွန်းထိန်း ဒေါ်သီသီဆွေ၊ မြိတ်နည်းပညာတက္ကသိုလ်က ဆရာမ ဒေါ်အိအိဖြိုး၊ အစိုးရနည်းပညာ အထက်တန်းကျောင်းက ဆရာ ဦးအာကာမောင်နဲ့ မြိတ်မြို့ အ.ထ.က (၁) က ကျောင်းဆရာမ တဦးတို့ဖြစ်ကြတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီလို လာရောက်ဖမ်းဆီးတဲ့အချိန်မှာ ဧည့်စာရင်းစစ်ဖို့ဆိုပြီး အရပ်ဝတ်စုံအပြင် စစ်ဝတ်စုံ ဝတ်ဆင်ထားသူတွေက စစ်ကားသုံးစီးနဲ့ ရောက်လာတာဖြစ်ကာ ဖမ်းဆီးသွားတဲ့ ကားပေါ်မှာ ပညာရေးဝန်ထမ်း ဆရာမ လေးယောက်နဲ့ ဆရာတယောက်ကို တွေ့လိုက်ရတယ်လို့ မျက်မြင်တွေ့ရှိသူတယောက်က ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကို တရားမဝင်အဖွဲ့အစည်းနဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့အတွက် နေပြည်တော်ကို အမှုတွဲတင်ပြီး တရားစွဲဆိုသွားမှာဖြစ်တယ်လို့ လာရောက်ဖမ်းဆီးတဲ့ စစ်သားတွေက ပြောသွားကြောင်း ဖမ်းဆီးခံရတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ နီးစပ်တဲ့သူတယောက်က ပြောပါတယ်။

ဒီဗွီဘီသတင်းဌာနရဲ့ စုံစမ်းချက်တွေအရ ဖမ်းဆီးသွားတဲ့ ပညာရေးဝန်ထမ်း လေးယောက်ကိုတော့ အတည်ပြုနိုင်ပြီး နောက်ထပ်တယောက်ကတော့ ဘယ်သူဖြစ်တယ်ဆိုတာကို စုံစမ်းနေတုန်း ဖြစ်ပါတယ်။

လက်ရှိ ဖမ်းဆီးထားတဲ့ ပညာရေးဝန်ထမ်းတွေကို မြိတ်မြို့ လေတပ်ဝင်းထဲက စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ကျောင်းတွေမှာ ကျောင်းမတက်လိုတဲ့ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေကို အွန်လိုင်းကနေတဆင့် စာသင်ကြားပေးနေတဲ့ Kaung For You Education ဖက်ဒရယ်ကျောင်း ဆရာ၊ ဆရာမတွေရော ကျောင်းသားတွေပါ အခုရက်ပိုင်း မြန်မာနိုင်ငံအနှံ့အပြားမှာ  ဖမ်းဆီးခံနေရပါတယ်။

ဒါကြောင့် NUG အစိုးရ ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက Kaung For You Education ဖက်ဒရယ်ကျောင်းကို ပိတ်သိမ်းသွားမှာဖြစ်ပြီး လက်ရှိဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း ဖွဲ့စည်းပြီး စစ်ဆေးနေတယ်လို့ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013