DVB Logo
Home
မြန်မာသတင်း
KDF တပ်ဖွဲ့ဝင် ၁ ဦး ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးတွင် သေဆုံး
DVB
·
July 15, 2022
KDF တပ်ဖွဲ့ဝင် ၁ ဦး ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးတွင် သေဆုံး
Donate to DVB

ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) တပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင်တယောက်ဖြစ်တဲ့ မောင်စိုင်းဝဏ္ဏ ဖမ်ဆီးခံရပြီးနောက် နှစ်လအကြာမှာ စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ သေဆုံးသွားပါတယ်။

ပြီးခဲ့တဲ့ မေလက မောင်စိုင်းဝဏ္ဏကို စစ်ကောင်စီတပ်   ခမရ ၂၆၁  က လွိုင်ကော်အထွက်မှာ ဖမ်ဆီးခဲ့တာဖြစ်ပြီး  သူအဖမ်းခံရပြီး ဇွန် ၁၆ ရက်မှာ စစ်ကြောရေးမှာ သေဆုံးသွားကြောင်း သိခဲ့ရတာလို့ဆိုပါတယ်။

KDF ပြန်ကြားရေးတာဝန်ခံက “သူက ၅ လပိုင်း ၂၀ ရက်နေ့လောက်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပေါ့ဗျာ။ ကျနော်တို့ KDF မြို့ပြပြောက်ကျားမှာ  ဖောက်ခွဲရေးတွေလုပ်ဖို့အတွက် သူတို့ရဲ့ရွေးချယ်မှုအရ မြို့ထဲမှာ လှုပ်ရှားမယ်ဆိုပြီးမှ သွားတဲ့အချိန် အဖမ်းခံခဲ့ရတာပေါ့။”လို့ ပြောပါတယ်။

KDF တပ်ဖွဲ့အနေနဲ့  တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့တဲ့ ရဲဘော် စိုင်းဝဏ္ဏကို  အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြု မှတ်ကျောက်တင်လိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။

KDF  ပြောခွင့်ရသူကတော့ “ကျနော်တို့ ဒီတော်လှန်ရေးကြီးမှာ ကျနော်တို့ ပေးဆပ်ထားကြတဲ့သူတွေ အများကြီးပဲပေါ့နော်။ တချို့ဆိုရင်လည်း သေတယ်။ တချို့ဆိုရင်လည်း ခြေပြတ်လက်ပြတ်တွေဖြစ်ကုန်ပြီ။ ဒုက္ခိတတွေဖြစ်ကုန်ပြီ။ အဲလို ကျနော်တို့ ပေးဆပ်ထားတဲ့ဟာတွေကို အလကားမဖြစ်အောင်လို့ ကျနော်တို့အားလုံးကြိုးစားနေတဲ့ စစ်အာဏာရှင်ကျဆုံးရေးအတွက် ကျနော်တို့ အရင်ကထက် နှစ်ဆ ပိုကြိုးစားမယ်ပေါ့နော်။ ကျနော်တို့ ကြိုးစားနေတဲ့အချိန်မှာ ပြည်သူလူထုကလည်း စိတ်ဓါတ်မကျဘဲနဲ့ ကျနော်တို့ဘက်ကနေပြီးတော့ ဆက်လက်ထောက်ခံပြီးတော့ ဆက်လက်ပြီး ကျနော်တို့တွေကို အားပေးဖို့အတွက် မေတ္တာရပ်ခံချင်ပါတယ်။”လို့ ပြောပါတယ်။

ကရင်နီပြည်နယ်မှာ  အာဏာသိမ်းပြီးချိန်ကနေစပြီး  စစ်ကောင်စီက တရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်ထားသူ အယောက် ၁၄၀ နဲ့ တရားရင်ဆိုင်နေဆဲ ၁၁၇ ဦး ရှိတယ်လို့ PKPF ရဲ့ ဇူလိုင် ၉ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

ထောင်ဒဏ်ချမှတ်ခံထားရသူတွေထဲမှာ အသက်မပြည့်သေးတဲ့  ၁၅ နှစ်အရွယ် နှစ်ဦး၊ ၁၇ နှစ်အရွယ်တစ်ဦးနဲ့  ၁၈ နှစ်အရွယ် နှစ်ဦးလည်း ပါဝင်ပြီး မန္တလေးအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ PKPF က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013