DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း ရဲအရာရှိကြီးများ၏နေအိမ် CCTV တပ်ပြီး လုံခြုံရေးတိုးမြှင့်
DVB
·
July 15, 2022
ဧရာဝတီတိုင်း ရဲအရာရှိကြီးများ၏နေအိမ် CCTV တပ်ပြီး လုံခြုံရေးတိုးမြှင့်
Donate to DVB

ဧရာဝတီတိုင်းမှာ ဇွန်လကုန်ပိုင်းက စတင်ပြီး တိုင်းရဲတပ်ဖွဲ့မှူးရဲ့  နေအိမ်အပါအဝင် ရဲအရာရှိကြီးတွေရဲ့ နေအိမ်တွေကို  CCTV စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ကာ လုံခြုံရေးတိုးမြှင့်နေတယ်လို့  ရဲအသိုင်းဝိုင်းက သိရပါတယ်။ 

တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်းရဲ့နေအိမ်နဲ့ ဒုတိုင်းရဲတပ်ဖွဲ့မှူးရဲ့ နေအိမ်တွေမှာ အရင်ဆုံး CCTV တပ်ဆင်ပြီးနောက်ပိုင်းမှ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့နေအိမ်မှာ CCTV တပ်ဆင်ခဲ့တာလို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ 

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တဦးက“ တိုင်းရဲတပ်ဖွဲ့မှူးနေအိမ်အရင်တပ်တာ ပြီးတော့ ဒုတိုင်းပေါ့ ပြီးတော့ ဂျီဝမ်းအိမ်တော့ ပါမပါ သေချာမသိဘူး ပုသိမ်ခရိုင်မှူးနေအိမ်တော့ပါတယ်”လို့ ပြောပါတယ်။

တိုင်းရဲတပ်ဖွဲ့မှူး၊ ဒုတိုင်းရဲတပ်ဖွဲ့မှူးနဲ့ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးတို့ရဲ့နေအိမ်တွေဟာ ရဲစခန်းဝင်းထဲမှာမရှိဘဲ လူနေရပ်ကွက်တွေထဲမှာရှိနေတာကြောင့် ခုလိုမျိုး CCTV တပ်ဆင်ပြီး စောင့်ကြည့်ဖို့လုပ်ဆောင်ရတာဖြစ်တယ် လို့ဆိုပါတယ်။ 

ပုသိမ်မြို့မှာရှိတဲ့ CCTV တွေနဲ့ ထပ်မံအသစ်တပ်ဆင်ထားတဲ့ CCTV တွေကို တိုင်းရဲတပ်ဖွဲ့မှူးရုံးမှာရှိတဲ့ ထိန်းချုပ်စင်တာထဲမှာ အချိန်ပြည့်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013