DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါမြို့တွင် လူငယ်တဦးကို PDF ထောက်ပံ့သူဟုစွပ်စွဲပြီး စစ်တပ်ကဖမ်းဆီး
DVB
·
July 14, 2022
ဂန့်ဂေါမြို့တွင် လူငယ်တဦးကို PDF ထောက်ပံ့သူဟုစွပ်စွဲပြီး စစ်တပ်ကဖမ်းဆီး
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့က လူငယ်တယောက်ကို စစ်ကောင်စီတပ်ဖွဲ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့ပေးနေသူဆိုပြီး စွပ်စွဲဖမ်းဆီးသွားတယ်လို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဂန့်ဂေါမြို့ အမှတ် ၄ ရပ်ကွက်က ကိုအောင်သက်ပိုင်ရဲ့ နေအိမ်ကို မနေ့ ဇူလိုင် ၁၃ ရက် မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ အရပ်ဝတ်နဲ့လူတွေ ၁၅ ယောက်လောက် ရောက်လာပြီး ကိုအောင်သက်ပိုင်ကို PDF ထောက်ပံ့သူဆိုပြီး စွပ်စွဲဖမ်းဆီးသွားကြတာလို့ ဆိုပါတယ်။

ကိုအောင်သက်ပိုင်ကို ဂန့်ဂေါမြို့မရဲစခန်း စစ်ကြောရေးကို ပို့ဆောင်လိုက်ပြီး မိသားစုဝင်တွေကိုလည်း တွေ့ခွင့်မပေးသလို အစားအသောက်တွေ၊ စောင်တွေ၊ အဝတ်အထည်တွေကိုလည်း ပေးခွင့်မရဘူးလို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဇူလိုင် ၁၃ ရက်အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၁,၅၄၇ ယောက်ရှိပြီး အဲဒီထဲက ၁,၃၁၂ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ဇူလိုင် ၁၃ ရက်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013