DVB Logo
Home
မြန်မာသတင်း
၃ လအတွင်း ပဲမျိုးစုံပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၇၀ ဝန်းကျင်ရှိ
DVB
·
July 14, 2022
၃ လအတွင်း ပဲမျိုးစုံပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၇၀ ဝန်းကျင်ရှိ
Donate to DVB

လက်ရှိဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဇူလိုင် ၁ ရက်အထိ ၃ လကျော်ကာလအတွင်း ပြည်ပကို ပဲမျိုးစုံတန်ချိန် ၅ သိန်းဝန်းကျင် တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၇၀ ဝန်းကျင်ရရှိထားကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။

ပင်လယ်ရေကြောင်းကနေ တင်ပို့မှုက ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး နယ်စပ်လမ်းကြောင်းက တဆင့် တင်ပို့မှုက ၃၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။

စီးပွားကူးသန်းဌာနရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ ကုန်သွယ်မှုစာရင်းတွေအရ ၃ လအတွင်း  ပင်လယ်ရေကြောင်းကနေ ပဲမျိုးစုံတင်ပို့မှုက တန်ချိန် ၃၆၀,၀၀၀ ကျော်ရှိပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈၄ သန်းကျော် ရရှိထားပါတယ်။

နယ်စပ်ကနေ တင်ပို့မှုကတော့ တန်ချိန် ၁၃၀,၀၀၀ ဝန်းကျင်ရှိပြီး အဲဒီကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ ကျော် ရရှိထားတာပါ။

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးသီးနှံတွေထဲမှာ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုက ဒုတိယအများဆုံး ဖြစ်ပါတယ်။ ပြည်တွင်း စိုက်ပျိုးမြေဧရိယာ ၂၀ ရာခိုင်နှုန်းမှာ စိုက်ပျိုးထုတ်လုပ်နေတာဖြစ်ပြီး အဲဒီထဲမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံတို့က အဓိက အများဆုံးဖြစ်ပါတယ်။

အခုဘဏ္ဍာနှစ် ၃ လအတွင်းမှာ ပဲတီစိမ်းတန်ချိန် ၂၄၀,၀၀၀ ကျော် တင်ပို့ထားပြီး မတ်ပဲ တန်ချိန် ၉၀,၀၀၀ ကျော် တင်ပို့ထားပါတယ်။ ပဲစဉ်းငုံတန်ချိန် ၇,၀၀၀ ကျော် တင်ပို့ထားပြီး မြေထောက်ပဲ တင်ပို့မှုက တန်ချိန် ၃၇,၀၀၀ ကျော်၊ ပဲယင်းက တန်ချိန် ၂၀,၀၀၀ ကျော်၊ ထောပတ်ပဲ တန်ချိန် ၂၀,၀၀၀ ကျော်၊ ကုလားပဲက တန်ချိန် ၁၆,၀၀၀ ကျော်နဲ့ ပဲလွန်းဖြူ တန်ချိန် ၁၆,၀၀၀ ကျော် စသဖြင့် အသီးသီး တင်ပို့ထားပါတယ်။

ဒါ့အပြင် ပဲကြီးတင်ပို့မှု တန်ချိန် ၆,၀၀၀ ကျော်၊ ပဲကတ္တီပါ တန်ချိန် ၂,၀၀၀ ကျော်၊ စွန်တာပြာ တန်ချိန် ၃၇၀ ကျော်၊ ပဲဖြူလေး တန်ချိန် ၂၃၀ ကျော်၊ ဘိုကိတ်ပဲ တန်ချိန် ၄,၇၀၀ ကျော်၊ ပဲပုတ်စေ့ ၆၆ တန်၊ ပဲနီကြား တန်ချိန် ၄,၅၀၀ ကျော်၊ နိုင်လွန်ပဲ တန်ချိန် ၆၀၀ ကျော်၊ မြေပဲ(အခွံပါ) တန်ချိန် ၁၀၀ ကျော်၊ မြေပဲဆံ တန်ချိန် ၅,၄၀၀ ကျော်နဲ့ အခြားပဲ တန်ချိန် ၉၀၀ ကျော်တို့ကိုလည်း အသီးသီးတင်ပို့ထားပါတယ်။

မြန်မာ့ပဲမျိုးစုံကို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က ဝယ်ယူတင်သွင်းမှု အများဆုံးဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013