DVB Logo
Home
မြန်မာသတင်း
စလင်းအခြေစိုက် ခလရ ၂၅၄ တပ်ရင်း လက်နက်တိုက် မိုင်းခွဲတိုက်ခိုက်ခံရ
DVB
·
July 14, 2022
စလင်းအခြေစိုက် ခလရ ၂၅၄ တပ်ရင်း လက်နက်တိုက် မိုင်းခွဲတိုက်ခိုက်ခံရ
1 / 2
Donate to DVB

မကွေးတိုင်း စလင်းမြို့နယ်မှာ ဇူလိုင် ၁၃ ရက်နေ့ညက စလင်းအခြေစိုက် ခလရ (၂၅၄) ရဲ့ လက်နက်ခဲယမ်းတိုက်တခု မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

စလင်းမြို့နယ် တောစိမ့်ရွာအနောက်ဘက်က ခလရ (၂၅၄) တပ်ရင်းရဲ့ လက်နက်တိုက်တခုကို ဇူလိုင် ၁၃ ရက်နေ့ည ၈ နာရီ ၄၇ မိနစ်လောက်မှာ စလင်း-PDF က ပေါက်ကွဲအား ပြင်းထန်တဲ့ မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ စလင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဗိုလ်သံခဲက ဒီဗွီဘီကို ပြောပါတယ်။

စလင်းမြို့အဝင် တောစိမ့်ရွာအနောက်ဘက် မင်းဂံကျေးရွာနားမှာ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) လက်အောက်ခံ ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ ဖိုခနောင့်ဆိုင် တပ်ရင်း ၃ ရင်းရှိတဲ့ထဲက အဝင်အထွက်ကော အသွားအလာပါ အားလုံးအဆင်ပြေတဲ့ ခလရ ၂၅၄ ရဲ့ လက်နက်ခဲယမ်းတိုက်ကို ရွေးချယ်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“အဓိကကတော့ စစ်(...)ရဲ့ လက်နက်ခဲယမ်းတွေ လျော့ကျသွားအောင် ရည်ရွယ်ပြီး ဖောက်ခွဲတိုက်ခိုက်လိုက်တာပါ။ မိုင်းက ၂ လုံးစလုံးကွဲတယ်ဗျ။ ကျနော်တို့ ရဲဘော်တွေက ဖောက်ခွဲတိုက်ခိုက်ပြီးတော့ ဘေးလွတ်ရာကို အန္တရာယ်ကင်းအောင်တိမ်းရှောင်ခဲ့ရလို့ ထိခိုက်ပျက်စီးတဲ့ အခြေအနေကို အတိကျ မသိရသေးဘူး။” 

စလင်း-PDF အနေနဲ့ ရှေ့ဆက်ပြီး တော်လှန်ရေးအရှိန်မြှင့်တော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ နီးစပ်တဲ့နေရာတွေမှာ မနေကြဖို့နဲ့ ပြည်သူတွေ ထိခိုက်မှုမရှိအောင် အဓိကထားပြီး လုပ်ဆောင်နေပေမယ့် တိုက်ပွဲဖြစ်နေတဲ့ အချိန်တွေမှာ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။

အဲဒီလက်နက်တိုက် ဖောက်ခွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013