DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မီနီဘတ်စ်နှင့် နောက်တွဲထရပ်ကားတိုက်မိ၊ မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦးသေဆုံး
DVB
·
July 13, 2022
ထိုင်းတွင် မီနီဘတ်စ်နှင့် နောက်တွဲထရပ်ကားတိုက်မိ၊ မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦးသေဆုံး
Donate to DVB

ထိုင်းနိုင်ငံ ဆဒေါင်းခရိုင်ထဲမှာ ဇူလိုင် ၁၂ ရက် ညနေပိုင်းက မီနီဘတ်စ်တစီးနဲ့ နောက်တွဲထရပ်ကားတစီး တိုက်မိခဲ့ပြီးနောက် မီနီဘတ်စ်ပေါ် လိုက်ပါလာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီး ၁ ယောက် သေဆုံးသွားခဲ့ပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။

မနေ့ ညနေ ၅.၃၅ နာရီလောက်က ကန်ချနာဝမ်နစ်လမ်းမကြီးပေါ်က ဆဒေါင်းရာဘာစက်မှုလုပ်ငန်းစက်ရုံရှေ့မှာ မတော်တဆမှုဖြစ်ခဲ့ပြီး မြန်မာအမျိုးသမီးလုပ်သား ၁၁ ယောက်ကို တင်ဆောင်လာတဲ့ မီနီဘတ်စ်ဟာ အခင်းဖြစ်တဲ့နေရာအရောက် ယာဉ်မောင်းက ဂငယ်ကွေ့ကွေ့ဖို့ လှည့်လိုက်ချိန်မှာ ညာဘက်လမ်းကြောက မောင်းနှင်လာတဲ့ ကုန်တင်နောက်တွဲ ထရပ်ကားကြီးနဲ့ တိုက်မိခဲ့ကာ မြောင်းထဲထိုးကျသွားတာလို့ မျက်မြင်သက်သေတွေက ထွက်ဆိုပါတယ်။

အလုပ်သမားတွေဟာ ဝါဆိုလပြည့်နေ့ (အာဆာလပူချာနေ့) အထိမ်းအမှတ်အနေနဲ့ ဆဒေါင်းခရိုင်ထဲက ဝပ်ဟွာသနွန်ဘုန်းကြီးကျောင်းမှာ ကုသိုလ်ကောင်းမှု ပြုလုပ်ဖို့အသွား လမ်းမှာ ဖြစ်ခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ဒီမတော်တဆမှုမှာ ဘတ်စ်ကားမောင်းသူ ထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ကာ မြန်မာအလုပ်သမား ၁ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၀ ယောက်ထဲက ၄ ယောက်ကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ထရပ်ကားမောင်းသူယာဉ်မောင်းကတော့ သူက ညာဘက်လမ်းကြောမှာရှိနေချိန် မီနီဘတ်စ်က ရုတ်တရက် ရှေ့ကနေ ဂငယ်ကွေ့ကွေ့ဖို့ ရည်ရွယ်ချက်နဲ့ ဖြတ်မောင်းခဲ့တာလို့ ပြောပါတယ်။

လတ်တလောမှာတော့ ရဲတွေက ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး အရေးယူမှုတွေ လုပ်ဆောင်ဖို့ မဆုံးဖြတ်ရသေးခင်မှာ လုံခြုံရေးကင်မရာမှတ်တမ်းတွေကတဆင့် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013