DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် စစ်ကောင်စီတပ် ရိက္ခာတင်ကား ၂ စီးတိုက်ခိုက်ခံရပြီး ၃ ဦးသေ
DVB
·
July 13, 2022
ဒီးမော့ဆိုတွင် စစ်ကောင်စီတပ် ရိက္ခာတင်ကား ၂ စီးတိုက်ခိုက်ခံရပြီး ၃ ဦးသေ
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်၊ ဒီး​မော့ဆိုမြို့နယ်မှာ ရိက္ခာလာပို့တဲ့ စစ်​ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်သား သုံးယောက် သေဆုံးသွားတယ်လို့  ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (DMO-LPDF)က ဇူလိုင် ၁၂ ရက်က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၁ ရက်က ဒီးမော့ဆိုမြို့မရဲစခန်းသို့ ကားနှစ်စီးနဲ့ ရိက္ခာတင်လာ​တဲ့ စစ်​ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO- LPDF) ဗျူဟာ(၃)မှ  C ၊ D၊ E တပ်ရင်းနဲ့ အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ဖွဲ့တို့ ပူး​ပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

DMO-LPDFသတင်းပြန်ကြားရေးတာဝန်ခံက “မြို့မရဲစခန်းမှာ စစ်ကောင်စီစစ်သားတွေရှိတယ်လေ။ အဲဒါနဲ့ ဟိုဘက်ကနေ ရိက္ခာလာပို့တဲ့ ကားအဖြူလေးနဲ့ ဟိုက်ဂျက်ကားဖြူလေးနဲ့ ကျနော်တို့ရဲဘော်တွေနဲ့တိုးတယ်ပေါ့နော်။ အဲဒါနဲ့ ပစ်လိုက်တယ်ပေါ့နော်။ အဲဒါနဲ့ရဲစခန်းလည်းနီးတော့ ကျနော်တို့ကားကို ဝင်သိမ်းလို့လည်း မရဘူးပေါ့နော် ရဲစခန်းဘက်ကလည်း လက်နက်ကြီးနဲ့ပစ်လာကြတော့ ကျနော်တို့လည်း ပြန်ဆုတ်လိုက်တယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုဟာ မနက် ၁၀ နာရီကနေ ၁၀ နာရီခွဲလောက်အထိ မိနစ် ၃၀ လောက်ကြာခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့​​တာကြောင့်  မြို့မရဲစခန်းတွင်းရှိ စစ်​ကောင်စီတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ကူခဲ့ရတဲ့အပြင် ရဟတ်ယာဥ် တစီးနဲ့လည်း ကင်း​​ထောက်လှမ်းခဲ့ရပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု အခြေအနေနဲ့ ပတ်သက်ပြီး DMO-LPDFသတင်းပြန်ကြားရေးတာဝန်ခံက “စစ်ကောင်စီဘက်က သုံးဦးသေတယ်လို့ သေချာတယ်။ ဒီထက်တောင် ပိုမယ်ထင်တယ်။ ကျနော်တို့ရဲဘော်တွေက ပစ်တဲ့အခါကျတော့ သုံးဦးလောက်ပဲသေချာတယ်ပေါ့နော်။” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ထိခိုက်သူ မရှိခဲ့ဘူးလို့ သိရပါတယ်။

အဆိုပါတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို နှစ်ဖက် ထိခိုက်သေဆုံးမှုအခြေအနေကိုလည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013