DVB Logo
Home
မြန်မာသတင်း
VENOM စစ်ကြောင်းအတွက် လက်နက်ခဲယမ်းများ ပြည်သူလှူဒါန်းငွေဖြင့် ဝယ်ယူ
DVB
·
July 12, 2022
VENOM စစ်ကြောင်းအတွက် လက်နက်ခဲယမ်းများ ပြည်သူလှူဒါန်းငွေဖြင့် ဝယ်ယူ
Donate to DVB

KNDO အထူးကွန်မန်ဒို VENOM စစ်ကြောင်းမှာလိုအပ်နေတဲ့ စနိုက်ပါ ၁ လက်၊ M4 ၁ အပါအဝင်  လက်နက်ခဲယမ်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ထောက်ပံ့မှု၊ ပြည်သူတွေရဲ့ လှူဒါန်းငွေတွေနဲ့ ဝယ်ယူနိုင်ခဲ့ပြီလို့ VENOM စစ်ကြောင်းတာဝန်ရှိသူက ဇူလိုင် ၁၂ ရက်က ပြောပါတယ်။

VENOM စစ်ကြောင်းတာဝန်ရှိသူက”စစ်ကြောင်းမှာ ပထမက စနိုက်ပါ တလက်ပဲရှိတာ။ တိုက်ပွဲမှာ စနိုက်ပါ နှစ်လက်ရှိမှ အဆင်ပြေမယ်။ အရင်က မပြည့်စုံဘူး။ အခုရတဲ့အလှူငွေနဲ့ ခဲယမ်းတွေ ပြန်ဖြည့်တယ်။ သေနတ်တွေလည်းရတော့ တိုက်ပွဲပြန်စရင် မစ်ရှင်ကိုကောင်းကောင်းလုပ်နိုင်မယ်။ NUG ကလည်း မြေပြင်ကိုတိုက်ရိုက်ပေးတယ်”လို့ ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန(NUG)ရဲ့ထောက်ပံ့မှု၊ ပြည်သူတွေရဲ့လှူဒါန်းငွေကျပ်သိန်း ၅၀၀ နီးပါးရရှိပြီး၊ စနိုက်ပါ တလက်တန်ဖိုး ကျပ်သိန်း ၂၃၀ ၊ M4 ၁ လက် ကျပ်သိန်း ၉၅ နီးပါးကုန်ကျပြီး ကျန်ရှိတဲ့အလှူငွေတွေကို ခဲယမ်းတွေ ဝယ်ယူဖြည့်ဆည်းထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဥကရစ်ထခြေကုပ်စခန်းကို KNDO အထူးကွန်မန်ဒိုတပ်ရင်း စစ်ကြောင်းမှူး စောဝင်းမြင့် ဦးဆောင်တဲ့ VENOM စစ်ကြောင်းက ဇွန်လ ၂၆  မနက် ၅ နာရီကစတင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်ကျဆုံးမှု အများအပြားရှိခဲ့ပါတယ်။

VENOM စစ်ကြောင်းအနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာန(NUG)ရဲ့ထောက်ပံ့မှု၊ ပြည်သူတွေရဲ့ကူညီလှူဒါန်းပေးမှုအပေါ် အထူးကျေးဇူးတင်ရှိကြောင်းနဲ့ လိုအပ်ချက်တွေကို ဆက်လက်လှူဒါန်းပေးဖို့ ထပ်မံတိုက်တွန်းထားသလို စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ ပြည်သူတွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013