DVB Logo
Home
မြန်မာသတင်း
မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်က ရွာမီးရှို့ပြီး အမျိုးသမီး ၄ ဦးကို အဓမ္မပြုကျင့်
DVB
·
July 12, 2022
မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်က ရွာမီးရှို့ပြီး အမျိုးသမီး ၄ ဦးကို အဓမ္မပြုကျင့်
Donate to DVB

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ရွှေပန်းကျေးရွာကို စစ်ကောင်စီစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသမီး လေးယောက်ကိုလည်း အဓမ္မပြုကျင့်ခဲ့တယ်လို့ ရွှေပန်းကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်က ဇူလိုင် ၁၂ ရက်မှာ ဒီဗွီဘီကို ပြောပါတယ်။

အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇွန်လ ၂၉ ရက်နေ့မှာ ရွှေပန်းကျေးရွာကို ဝင်ရောက်ပြီး အမျိုးသမီး လေးယောက်ကို ဖမ်းဆီးကာ အဓမ္မပြုကျင့်သွားတယ်လို့ ဆိုပါတယ်။

ဒေသခံ ပ.အ.ဖ ခေါင်းဆောင်က “စစ်(...)တွေ စစ်ကြောင်းထိုးလာတော့ ရွှေပန်းကျေးရွာနဲ့ ရွှေပန်းကျွန်းရွာက ဒေသခံပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးကြရတာဗျ။ ရွှေပန်းရွာထဲမှာ ပိတ်မိနေတဲ့ အမျိုးသမီး လေးယောက်ကို ဖမ်းဆီးပြီး စစ် (--)တွေက ဝိုင်းပြီးမုဒိမ်းကျင့်သွားတာလို့ အဲဒီအမျိုးသမီးတွေနဲ့ နီးစပ်တဲ့သူတွေက ပြောပြတယ်။ ကျနော်တို့ အနေနဲ့တော့ အသေးစိတ်မေးလို့ မကောင်းဘူး။ ဖြစ်စဥ်ကတော့ အမှန်ပါ” လို့ ပြောပါတယ်။

“ကျမတိုရွာဘက်ကို ဇူလိုင်လ ၂၉ ရက်နေ့မှာ စစ်(...)တွေဝင်လာတော့ အခါတိုင်းစစ်ကြောင်းတွေလိုမှတ်ပြီး သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ ၇၅ ယောက်လောက်က ရွာဘုန်းကြီးကျောင်းမှာ ကျန်ခဲ့ကြတာပါ။ ဒေသခံပြည်သူ ၇၅ ယောက်လုံး ဘုန်းကြီးကျောင်းမှ ာပိတ်မိသွားပြီး အသက် ၃၀ လောက်ရှိတဲ့ အမျိုးသမီး ၄ ယောက်ကို အဓမ္မပြုကျင့်ကြတာပါ။ စစ်(...)တွေက သူတို့နေတဲ့ အခန်းထဲကို ခေါ်သွားပြီး ၃ ရက်လုံး အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြတာ။ သူတို့ အဓမ္မကျင့်ချင်တဲ့ အချိန်ဆိုရင် လာခေါ်သွားပြီး ည ၁၁ နာရီလောက်မှ ပြန်ပို့ကြတယ်။ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ယောက်ကိုလည်း မေးတာမှန်မှန်မဖြေရင် ညစာဖြစ်သွားမယ်လို့ ခြိမ်းခြောက်ခဲ့တယ်"လို့ ရွှေပန်းကျေးရွာ ဒေသခံ အမျိုးသမီးတစ်ယောက်က ပြောပါတယ်

ရွှေပန်းကျေးရွာနဲ့ တစ်မိုင်လောက်အကွာကို ဒီကနေ့ ဇူလိုင်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာ စစ်ခွေးတွေစစ်ကြောင်းထိုးနေလို့ ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး တောထဲတွေမှာပဲ ဖြစ်သလို နေနေကြရတယ်လို့ ဆိုပါတယ်။

အခုလို စစ်ကောင်စီတပ်တွေ ရွာဝင်မီးရှို့ အဓမ္မပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိခဲ့ပါဘူး။ 

စစ်ကောင်စီတပ်တွေဟာ အိမ်ခြေ ၄၅၀ လောက်ရှိတဲ့ ရွှေပန်းကျေးရွာကို စိတ်ကြိုက်မွှေနှောက်ပြီး ဇွန်လ ၂၉ ရက်နဲ့ ၃၀ ရက်နေ့ နှစ်ညအိပ်ကာ ဇူလိုင် ၁ ရက် မနက်ပိုင်းမှာ ရွှေပန်းရွာက နေအိမ် ၁၇ လုံးနဲ့ ရွှေပန်းကျွန်းရွာက နေအိမ် တလုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာတော့ မရှိဘဲ ဇူလိုင်လ ၁ ရက်နေ့ စစ်ကောင်စီတပ်တွေ ပြန်ထွက်တဲ့ အချိန်မှာတော့ ရှော့တိုက်ဒုံးနဲ့ နစ်ချက်ပစ်ခတ်တိုက်ခိုက်လိုက်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေပြန်ထွက်သွားပြီးတဲ့နောက် ပ.အ.ဖ အဖွဲ့က ပြည်သူတွေနဲ့ ပူးပေါင်းပြီး နယ်မြေရှင်းလင်း မီးငြှိမ်းသတ်ပေးခဲ့ကာ မီးလောင်ပြင်မှာ တွေရှိခဲ့တဲ့ လက်ဝတ်ရတနာတွေကိုလည်း ပြည်သူတွေကို ပြန်လည်ပေးအပ်ခဲ့ပြီး မီးဘေးသင့် ပြည်သူတွေအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတယ်လို့ ရွှေပန်းရွာ ပ.အ.ဖ ခေါင်းဆောင်က ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ  မေလ ၃၁ ရက်အထိ အိမ်ခြေ အလုံး ၁၃၈၄၀ ကိုစစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈၈၈၆ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန်လ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013