DVB Logo
Home
မြန်မာသတင်း
ထီးလင်းနှင့် ဆိပ်ဖြူမြို့နယ်တို့တွင် တိုက်ပွဲဖြစ်
DVB
·
July 12, 2022
ထီးလင်းနှင့် ဆိပ်ဖြူမြို့နယ်တို့တွင် တိုက်ပွဲဖြစ်
1 / 2
Donate to DVB

မကွေးတိုင်း ထီးလင်းမြို့နယ်မှာ ဇူလိုင် ၁၁ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီ စစ်ကြောင်းနဲ့ YDF တပ်ရင် ၁၅ ရွှေစွန်ညိုတပ်ရင်း၊ YDF တပ်ရင်း ၆  ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ရွှေစွန်ညိုတပ်ရင်းက ပြောပါတယ်။

ဝါးဘင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကြောင်းဟာ ဇူလိုင် ၁၁ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ဝက်သက်(မြောက်)ရွာကို ထွက်လာစဉ် မွန်းလွဲ ၂ နာရီကျော်လောက်မှာ YDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ၁၅ မိနစ်လောက် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ YDF-ရွှေစွန်ညို တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ပြန်ကြားရေးတာဝန်ခံ ကိုကျော်ကြီးက ပြောပါတယ်။ 

“အဲဒီ စစ်(...)တွေက ဝါးဘင်းရွာကနေ ထီးလင်းမြို့ဘက်ကို ပြန်ဆုတ်မှာ ကျနော်တို့ တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ပွားခဲ့တာ။ နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်(...)တွေက ထိခိုက်သေဆုံးတဲ့ အခြေအနေကို အတည်မပြုနိုင်သေးသလို ကျနော်တို့ဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိခဲ့ဘူး။” 

ဆက်ပြီး သူက “ဘယ်လိုဘဲ စခန်းသိမ်းခံထားရပါစေ။ ကျနော်တို့ ရဲဘော်တွေက စိတ်ဓာတ်မကျဘဲ စစ်ကောင်စီစစ်ကြောင်းကို ရှိတဲ့ လက်နက်ခဲယမ်းတွေနဲ့ အကောင်ဆုံး ဒုက္ခပေးပြီး ဆက်လက်တိုက်ပွဲဝင်နေတယ်”လို့ ပြောပါတယ်။

အလားတူ ဆိပ်ဖြူမြို့နယ်မှာ ဇူလိုင် ၉ ရက် နဲ့ ၁၀ ရက်တွေမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မြေလတ်ဒေသ ဆိပ်ဖြူ မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ CAF-SPU PDF က ပြောပါတယ်။

ဆိပ်ဖြူမြို့နယ် ပိုင်းကျေးရွာကို ဇူလိုင် ၉ ရက်နေ့မနက်ပိုင်းမှာ ချောက်အခြေစိုက် ခလရ ၁၃ က အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်း ၂ ကြောင်းခွဲ စစ်ကြောင်းထိုးလာတာကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရွာအဝင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ ၅ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ CAF-SPU PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ Kar Kar က ပြောပါတယ်။

“အဲဒီစစ်(...)တွေဟာ ညနေပိုင်းလောက်မှာ မဟာမိတ်တပ်ဖွဲ့တွေ တပ်ဖြန့်ထားတဲ့ နေရာတွေကို သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပစ်လို့ ကျနော်တို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာကြောင့် တိုက်ပွဲ့ပြင်းထန်ခဲ့တယ်။ တိုက်ပွဲက ဇူလိုင် ၉ ရက် ညနေ ၆ နာရီကျော်လောက်ကနေ  ၁၀ ရက်နေ့ မနက် ၂ နာရီလောက်အထိ ဖြစ်ပွားခဲ့တယ်။ မနက် ၆ နာရီလောက်မှာ တိုက်ပွဲပြန်စပြီး ကျနော်တို့ဘက်က စနိုက်ပါနဲ့ ပစ်ခတ်လို့ စစ်(...) ၂ ယောက်သေဆုံးခဲ့တယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ရာမှာလည်း ၉ ယောက်လောက် သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်။”

စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲအတွင်း အထိနာပြီး ၁၀ ရက်နေ ညနေပိုင်း ပြန်ဆုတ်တဲ့ အချိန်မှာလည်း အပြန်လမ်းမှာ မိုင်းခွဲခဲ့ပေမဲ့ ထိခိုက်သေဆုံတဲ့အခြေနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို CAF -SPU PDF (မြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးအဖွဲ့)၊ ရေနံချောင်း PDF၊Saw PDF တပ်ရင်း  ၂ (YRPA)၊ SLN LPD(Salin Local People's Defence Force)၊ KDF၊ ပေါက်မြို့နယ် တပ်ရင်း ၆၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မဟာ (၇)၊ တပ်ရင်း (၇၁၂) - (ပြည်သူ့စွမ်းအားတပ်ပေါင်းစု)၊ YDF တပ်ရင်း ၉နဲ့တွေ့မရှောင် (ပေါက်မြို့နယ်တောင်ပိုင်း) ပူးပေါင်းအဖွဲ့တို့ ပူးပေါက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013