DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းရမိသည့် မော်တော်ယာဉ်များ လေလံတင် ရောင်းရန်မရှိသေးဟု စီမံဘဏ္ဍာ ထုတ်ပြန်
DVB
·
July 11, 2022
သိမ်းဆည်းရမိသည့် မော်တော်ယာဉ်များ လေလံတင် ရောင်းရန်မရှိသေးဟု စီမံဘဏ္ဍာ ထုတ်ပြန်
Donate to DVB

သိမ်းဆည်းရမိသည့် မော်တော်ယာဉ်များ လေလံတင် ရောင်းရန်မရှိသေးဟု စီမံဘဏ္ဍာ ထုတ်ပြန်

DVB

သိမ်းဆည်းရမိထားတဲ့ မော်တော်ယာဉ်တွေကို လက်ရှိအခြေအနေမှာ လေလံတင် ရောင်းချဖို့ အစီအစဉ်မရှိသေးဘူးလို့ စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက  ဇူလိုင် ၈ ရက်နေ့စွဲနဲ့  ထုတ်ပြန်ကြေညာပါတယ်။

အာဏာသိမ်း စစ်ကောင်စီဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုင်းဝင်းကတော့ ဖမ်းဆီးရမိတဲ့ လိုင်စင်ရှိ၊ လိုင်စင်မဲ့ မော်တော်ယာဉ်တွေအပါအဝင် ဖမ်းမိပစ္စည်းတွေကို  အမှုတွေအမြန်ဆုံး ပြီးပြတ်အောင်ဆောင်ရွက်ပြီး လေလံပစ်ရောင်းချမယ်လို့  ဇွန်လ ၂၉ ရက်မှာ ပြောဆိုခဲ့တာပါ။

အခုလို ပြောဆိုခဲ့တဲ့အတွက် ကားလေလံနဲ့စပ်လျဉ်းပြီး ကားဝယ်ရောင်းသမားတွေ နဲ့ အများပြည်သူတွေအကြား စိတ်ဝင်စားမှု မြင့်တက်လာပြီး လူမှုကွန်ရက်စာမျက်မှာတွေမှာလည်း  ပြောဆိုရေးသားမှုတွေ ရှိလာပါတယ်။

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ထုတ်ပြန်ချက်မှာတော့ “လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် နိုင်ငံတော်မှ နိုင်ငံပိုင်(ပြည်သူ့ဘဏ္ဍာ)အဖြစ် သိမ်းဆည်းထားတဲ့ မော်တော်ယာဉ်များကို လေလံစနစ်ဖြင့် ထုခွဲရောင်းချမည်ဆိုသော သတင်းများထွက်ပေါ်နေကြောင်း သိရှိရပါတယ်။ သို့ပေမယ့် လက်ရှိအခြေအနေတွင် ဘဏ္ဍာသိမ်းမော်တော်ယာဉ်များအား လေလံတင် ရောင်းချမည့် အစီအစဉ် မရှိပါကြောင်း” လို့ ရေးသားဖော်ပြထားပါတယ်။

တကယ်လို့ စစ်ကောင်စီက လေလံတင် ရောင်းချလာပါက ဝယ်ရောင်းဈေးကွက်အတွင်းမှာရှိတဲ့ ကားဈေးတွေအပေါ် သက်ရောက်မှုရှိလာနိုင်တယ်လို့ ဝယ်ရောင်းသမားတွေက ဆိုပါတယ်။

ကိုယ်တိုင်ဝင်ရောက်လေလံဆွဲဖူးတဲ့ ဝယ်ရောင်းသမားတဦးက “လေလံနဲ့ပတ်သက်ပြီး နှစ်ပိုင်း ရှိတာပေါ့။ အရည်ကြို သံပုံဖြတ်နဲ့ ပစ်တာလား။ ဒါမှမဟုတ် အကြီးစား ပြင်ဆင်ခွင့်နဲ့ ပစ်တာလား။ အကြောင်းအမျိုးမျိုးကြောင့် သူတို့ ဖမ်းထားတဲ့ ကားတွေ ရှိမယ်။ အဲဒီကားတွေက အကုန်လုံး မြေစိုက်နေပြီ။ ရစရာ မရှိတော့ဘူး။ အဲ့ဒါကို အကြီးစား ပြင်ဆင်ခွင့်နဲ့ ပေးရင် ဘာလုပ်လဲဆို အဲ့ဒီကားပုံစံအတိုင်း ကားသစ်တစီးကို ဂျပန်က ဖြစ်ဖြစ် ယိုးဒယားက ဖြစ်ဖြစ် ဝယ်လိုက်တယ်။ ဝယ်ပြီးရင် ဟိုကားစုတ်ဆီက ချက်ဆီနဲ့ နံပါတ်ပြား ခွာယူပြီး ဒီဘက်မှာ ပြန်ထည့်လိုက်တယ်။ ဒါဆိုရင် သူတို့ခေါ်တဲ့ အကြီးစားပြင်ဆင်ခွင့် ဖြစ်သွားတယ်။ အမှန်တကယ်ကတော့ change လိုက်တဲ့သဘောပါ။ အဲ့ဒါဆိုရင်တော့ ကားဈေးက အနည်းနဲ့အများ သက်ရောက်မှု ရှိလာပြီး ဈေး ကျလာလိမ့်မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက ပြည်ပမှ ကားတင်သွင်းခွင့်ကို ကန့်သတ်ထားတဲ့အပြင် ပြည်တွင်းမှာ SKD (Semi Knocked Down) စနစ်နဲ့ လာရောက်ထုတ်လုပ်တဲ့ Suzuki နဲ့ Hyundai ကားစက်ရုံတွေကို ထုတ်လုပ်ခွင့် ပါမစ်ရပ်ဆိုင်းထားတဲ့ အကျိုးဆက်တွေကြောင့် ရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှာ ကားဈေးတွေဟာ မြင့်တက်လို့လာပါတယ်။

ရန်ကုန်ကားဈးကွက်မှာတော့ အခုအချိန်က ငွေလိုသူတွေကလွဲပြီး ကားရှိသူအများစုက ကားတွေ ထုတ်မရောင်းကြဘဲ စောင့်ကြည့်နေတဲ့ ကာလဖြစ်တယ်လို့ ကား ဝယ်ရောင်းလုပ်ကိုင်နေသူတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013