DVB Logo
Home
မြန်မာသတင်း
သရက်ချောင်းမြို့နယ်၌ စစ်ကောင်စီတပ်က PDF ၅ ဦးကို ဖမ်းဆီးပစ်သတ်၊ ၁ ဦးကို နားရွက်နှင့် လျှာ ဖြတ်ထား
DVB
·
July 11, 2022
သရက်ချောင်းမြို့နယ်၌ စစ်ကောင်စီတပ်က  PDF ၅ ဦးကို ဖမ်းဆီးပစ်သတ်၊ ၁ ဦးကို  နားရွက်နှင့် လျှာ ဖြတ်ထား
Donate to DVB

တင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားကျေးရွာကို ဇူလိုင် ၁၀ ရက် မနက်စောစောပိုင်းက စစ်ကြောင်းထိုးဝင် ရောက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေဟာ ပြည်သူ့ကာကာကွယ်ရေး တပ်ဖွဲ့ဝင် ငါးယောက်ကို   ပစ်ခတ် ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေ့ထံက သိရပါတယ်။

ကင်းစောင့်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးယောက် နေရာမှာပင် သေဆုံးခဲ့ပြီး  နှစ်ယောက်ကို စော်ဖျားရွာရှိ စစ်ကောင်စီစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ဖမ်းဆီးခံရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးအနက် တစ်ဦးမှာ နားရွက်နဲ့လျှာတို့ ဖြတ်ခံထားရတာ ကြားသိရတယ်လို့” ဒေသခံတစ်ဦးက ပြောပါတယ်။

အဖမ်းခံထားရသူ နှစ်ယောက်အနက် အောင်လေးဆိုသူကို စော်ဖျားရွာရှိ စစ်ကောင်စီစခန်းက လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားပြီး ရောင်းမော်ရွာမှာ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နားရွက်နဲ့လျှာတို့ ဖြတ်ခံထားရသူကိုလည်း ညနေဘက်မှာ ရောင်းမော်ရွာကိုခေါ်ဆောင်သွားပြီး ရောင်းမော်ရွာစာသင်ကျောင်းမှာ သတ်ပစ်ခဲ့တယ်လို့ကြားသိရကြောင်း ဒေသခံတယောက်က ပြောပါတယ်။

ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး  ဖြစ်စဉ်အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးပါ။

သရက်ချောင်းမြို့နယ်မှာ စော်ဖျားရွာတကြောနဲ့ တောင်ပျောက်တိုက်နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်လေ့ရှိပြီး ဒေသခံပြည်သူတွေကို မကြာခဏ ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013