DVB Logo
Home
မြန်မာသတင်း
ဘဏ္ဍာရန်ပုံငွေ ဒေါ်လာ ၄၄ သန်းကျော်ထဲက ၆၂ ရာခိုင်နှုန်းကျော်ကို လက်နက်နှင့် စစ်ဆင်ရေးစရိတ် NUG အသုံးပြု
DVB
·
July 9, 2022
ဘဏ္ဍာရန်ပုံငွေ ဒေါ်လာ ၄၄ သန်းကျော်ထဲက ၆၂ ရာခိုင်နှုန်းကျော်ကို လက်နက်နှင့် စစ်ဆင်ရေးစရိတ် NUG အသုံးပြု
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဘဏ္ဍာရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄၄ သန်းကျော်ထဲက ၆၂ ဒသမ ၅၇ ရာခိုင်နှုန်းကို လက်နက်၊ ခဲယမ်းနဲ့ စစ်ဆင်ရေးအသုံးစရိတ်အဖြစ် အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။

အဆိုပါ ဘဏ္ဍာရန်ပုံငွေတွေကတော့ ၂၀၂၂ ခုနှစ်၊ မေလအထိ စစ်အာဏာရှင်စနစ် အမြန်ဆုံး အမြစ်ဖြတ်နိုင်ဖို့အတွက် မိဘပြည်သူတွေက NUG အစိုးရ ကာကွယ်​ရေးဝန်ကြီးဌာနဆီ တိုက်ရိုက်ထောက်ပံ့​ပေးပို့​ငွေတွေနဲ့ အစိုးရက ရှာဖွေနေတဲ့ ဘဏ္ဍာရန်ပုံငွေပမာဏဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ​ငွေ​ကြေးပမာဏဟာ ဝန်ကြီးဌာနကနေ တိုက်ရိုက်ခွဲဝေ အသုံးချနေရတဲ့ ဘဏ္ဏာရန်ပုံ​​ငွေပမာဏလိုအပ်ချက်နဲ့ နှိုင်းယှဥ်မယ်ဆိုရင် ရန်ပုံငွေမြောက်မြားစွာ ထပ်မံလိုအပ်​နေတဲ့အပြင် အခုအချိန်ဟာ ​တော်လှန်​ရေးအတွက် ​ရေချိန်မြင့်တဲ့ကာလကို ​ရောက်​နေပြီဖြစ်တဲ့အတွက် အဓိကကျတဲ့ ရန်ပုံ​ငွေတွေ အချိန်မီဖြည့်တင်းနိုင်ဖို့ မိဘပြည်သူ​တွေအ​နေနဲ့ ​တော်လှန်​ရေး​အောင်စိတ်ထက်သန်စွာနဲ့ ဆက်လက်ပြီး ​ထောက်ပံ့​ပါဝင် ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဇူလိုင် ၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ အဆိုပါ ဘဏ္ဍာရန်ပုံငွေတွေထဲက ၂၂ ဒသမ ၄၉ ရာခိုင်နှုန်းကို လက်နက်ထုတ်လုပ်မှု၊ ၆ ဒသမ ၀၃ ရာခိုင်နှုန်းကို မဟာမိတ်မျှဝေမှု၊ ၅ ဒသမ ၉၈ ရာခိုင်နှုန်းကို လေ့ကျင့်ရေး စရိတ်၊ ၂ ဒသမ ၄၃ ရာခိုင်နှုန်းကို အရေးပေါ်အသုံးစရိတ်နဲ့ အုပ်ချုပ်စီမံခန့်ခွဲမှုဆိုင်ရာ အသုံးစရိတ်တွေ၊ ၀ ဒသမ ၅၀ ရာခိုင်နှုန်းကိုတော့ ကျဆုံးဒဏ်ရာရ ရဲဘော်ထောက်ပံ့စရိတ်တွေအနေနဲ့ အသီးသီး အသုံးပြုတယ်လို့ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထု သပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် NUG အစိုးရ တည်ထောင်ပြီး တနှစ်တာကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီးဖြစ်ကာ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ ၄၀၀ ကျော်နဲ့လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

Photo-NUG

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013