DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်တွင် နိုင်ငံရေးအကျဉ်းသား ၂၅၀ ကျော်ရှိ
DVB
·
July 9, 2022
စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်တွင် နိုင်ငံရေးအကျဉ်းသား ၂၅၀ ကျော်ရှိ
Donate to DVB

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကနေ  လက်ရှိအချိန်ထိ ကရင်နီ (ကယား) ပြည်နယ်ထဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေ ၂၅၀ ကျော်ထိရှိလာပြီလို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းကိုတော့ PKPF က လက်လှမ်းမီသလောက် ပြုစုထုတ်ပြန်ထားတာဖြစ်ပြီး ဇူလိုင် ၉ ရက် ဒီကနေ့အထိ အဆိုပါ နိုင်ငံရေးအကျဉ်းသား ၂၅၀ ကျော်ထဲမှာ အမှုရင်ဆိုင်နေရဆဲ စုစုပေါင်း ၁၁၆ ယောက်နဲ့ အ မိန့်ချခံရပြီးသူ စုစုပေါင်း ၁၄၁ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

ပြစ်ဒဏ်ချမှတ်ခံရသူတွေထဲမှာတော့ မန္တလေးထောင်ထဲမှာတော့ အမိန့်ချပြီးသူ ၅ ယောက်၊ လွိုင်ကော်ထောင်ထဲမှာ အမှုရင်ဆိုင်နေရဆဲ ၄၇ ယောက်နဲ့ အမိန့်ချပြီးသူ ၁၁၅ ယောက်၊ တောင်လေးလုံးထောင်ထဲမှာ အမှုရင်ဆိုင်နေရဆဲ အယောက် ၇၀ နဲ့ အမိန့်ချပြီးသူ အယောက် ၇၀ စီ အသီးသီး ပါဝင်နေပြီး ပြစ်မှုတွေထဲမှာတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂၊ ၅၀၅(က)လို မတရားသဖြင့် ပုဒ်မမျိုးစုံတပ်ကာ ထောင်ဒဏ် ၆ လကနေ ထောင်ဒဏ်အ နှစ် ၃၀၊ တသက်တကျွန်းထိ ပြစ်ဒဏ်တွေ ချမှတ်ခံထားရတာကို တွေ့ရပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က မကြာသေးခင်က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာတော့ သေဒဏ်ချမှတ်မှု သိသိသာသာ တိုးမြင့်လာတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါဝင်ပြီး ၂၀၂၀ ပြည့်နှစ်ကနဲ့ နှိုင်းယှဉ်ရင် သေဒဏ်ချမှတ်ခံထားရသူ ၁ ယောက်ပဲ ရှိခဲ့ရာက အခုဆိုရင် အနည်းဆုံး ၈၆ ယောက် အထိတိုးလာတယ်လို့ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးအောက်မှာ စစ်တပ်က အရပ်ဘက်တရားစီရင် ရေးကနေ စစ်ခုံရုံးအဖြစ် ပြောင်းလဲခဲ့ပြီး ဆန္ဒပြသူတွေ၊ သတင်းသမားတွေကို ပစ်မှတ်ထားကာ အယောက် ၉၀ လောက်ကို တရားဥပဒေနဲ့ မညီဘဲ တရားလက်လွတ် သေဒဏ်ချမှတ်ခဲ့သလို တရားစွဲ ခံရသူတွေဟာ အယူခံဝင်ခွင့်မရဘဲ အကျဉ်းချုံးနဲ့ အမိန့်ချမှတ်ခဲ့တာလို့လည်း AI အဖွဲ့ရဲ့ အစီရင်ခံစာမှာဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာတော့ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလအတွင်း ပြည်သူ ၁၁,၀၈၁ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၁၄၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။ ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၃ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၄ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) စာရင်းအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၀၇၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၅၁၇ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။ 

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၄၅၁ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၂၂၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၄ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၅ ယောက်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

Photo-PKPF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013