
ဧပြီ ၁၃ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်စည်ကားကားဖြစ်အောင် ပြင်ဆင်ထားပြီး ရန်ကုန်မြို့က ပြည်သူ့ရင်ပြင် မဟာသင်္ကြန်မဏ္ဍပ်မှာ တောင်ကိုရီးယားအဆိုတော်တွေကိုပါ ဖိတ်ခေါ်ဖျော်ဖြေစေခဲ့တာကို တွေ့ရပါတယ်။
သင်္ကြန်မဏ္ဍပ်တွေမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ မိသားစုဝင်တွေကိုပါ မဖြစ်မနေ လာရောက်ကြဖို့ ညွှန်ကြားထားပြီး မစည်စည်အောင် စီစဥ်ထားတာလို့ စစ်အာဏာရှင်လက်အောက်ခံ ဝန်ထမ်းတွေထံက သိရပါတယ်။
ဒါ့အပြင် စျေးသည်တွေကိုလည်း နေရာခမတောင်းဘဲ ရောင်းချခွင့်ပေးထားတာကြောင့် ရင်ပြင်အတွင်းအပြင် အပြင် မြို့ထဲက လမ်းလျှောက်သင်္ကြန်မှာလည်း တောင်ကိုရီးယား အခြေစိုက် လော့တီးယားကြက်ကြော်ဆိုင်ကလည်း မိုဘိုင်းလ်ဆိုင်အဖြစ် ပထမဆုံး လာရောက်ရောင်းချတာကို တွေ့မြင်ရပါတယ်။










