DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်နှင့် ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်သေဆုံး
DVB
·
July 8, 2022
လွိုင်ကော်နှင့် ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်သေဆုံး
Donate to DVB

ကရင်နီ(ကယား) ပြည်နယ် လွိုင်ကော်မြို့နယ်နဲ့ ဖယ်ခုံမြို့နယ်မှာ ဇူလိုင်လ ပထမအပတ်အတွင်း စစ်ကောင်စီတပ်တွေရဲ့ခြေကုပ်စခန်းတွေကို ကရင်နီပူးပေါင်းတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေပူးပေါင်းတိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်  အယောက် ၅၀ လောက် သေဆုံးပြီး ကရင်နီပူးပေါင်းတပ်တွေဘက်ကလည်း ၁၁ ယောက် ကျဆုံးခဲ့ပါတယ်။

ဇူလိုင် ၄ ရက်က ဖယ်ခုံမြို့နယ်ရှိ လွယ်ပသာကုန်စခန်းနဲ့ ရွှေပြည်အေးကုန်စခန်းတွေကို ကရင်နီတပ်မတော် (KA)၊ KNDF၊ PDF (Phekhon)၊ Moebye PDF နဲ့ SSRY အဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အလွန်အကျွံအသုံးပြု တိုက်ခိုက်ခဲ့တာ၊ သာလွန် စစ်ကူအင်အားတို့နဲ့ ပိတ်ဆို့တိုက်ခိုက်တာတွေကြောင့် ကရင်နီပူးပေါင်းတပ်ဘက်က ၁၁ ယောက် ကျဆုံးခဲ့ရပြီး အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အယောက် ၄၀ သေဆုံးတယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၆ ရက်မှာတော့ လွိုင်ကော်မြို့နယ်၊ လောပိတမြို့အနီးရှိ စစ်ကောင်စီရဲ့ သင်္ဘောပင်စခန်းကို ကရင်နီတပ်မတော် (KA) နဲ့ KNDF တို့က တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ ၁၁ ကြိမ်၊ တိုက်လေယာဥ်နဲ့ ၉ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်အဆင့်ရှိသူတ‌ယောက် ရင်ဘတ်ကျည်ထိမှန် သေဆုံးခဲ့သလို သင်္ဘောပင်စခန်းကို တိုက်ခိုက်နေစဥ် လွိုင်ကော်မြို့နယ်၊ ၄ မိုင် အမှတ် ၁ စခန်းမှ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဆိုလဆယ်နဲ့ လောကထူးကျေးရွာအကြားမှာ KNDF က အနီးကပ် ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီတပ်ဘက်မှ ၅ ယောက် သေဆုံးခဲ့ပြီး ၄ ယောက် ဒဏ်ရာရခဲ့ကြောင်း ဖော်ပြပါတယ်။

အလားတူ ဇူလိုင် ၆ ရက် နေ့လယ်ကလည်း ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် ခမရ ၄၂၇ အနီးရှိ ကင်းပုန်းတခုကို KNDF က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ကြေင်း ဆိုပါတယ်။

အဲဒီနေ့မှာပဲ ဘောလခဲ-ရွာသစ် လမ်းမပေါ်ရှိ ပွန်ချောင်းကူးတံတား ဂိတ်စခန်းတခုကို KNDF က ရှောင်တခင် တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ လောက် ကြာမြင့်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

လောပိတမြို့တိုက်ပွဲကြောင့် ဒေသခံ ကျေးရွာသူ ကျေးရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အရပ်သားတယောက် လက်နက်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013