DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် အသက် ၁၆ နှစ်အရွယ် လူငယ် ၁ ဦး ပြန်ပေးဆွဲခံရ
DVB
·
July 7, 2022
မောင်တောတွင် အသက် ၁၆ နှစ်အရွယ် လူငယ် ၁ ဦး ပြန်ပေးဆွဲခံရ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့ မြို့မတောင်ရပ်ကွက်နေ အသက် ၁၆ နှစ်အရွယ် လူငယ်တယောက်  ဇူလိုင် ၆ ရက်က ပြန်ပေးဆွဲခံခဲ့ရတယ်လို့  ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ပြန်ပေးဆွဲခံရသူဟာ  မုခ်တော်ခင်ရဲ့သားဖြစ်သူ အသက် ၁၆ နှစ်အရွယ်   အာဖာဖြစ်​ပြီး   အခုလို ပြန်ပေးဆွဲခံရတာနဲ့ ပတ်သက်ပြီးသူ့ရဲ့ မိဘက မောင်တောမြို့မရဲစခန်းမှာ တိုက်ကြားထားပြီး  ရာဇတ်သတ်ကြီးပုဒ်မ ၃၆၅/၃၄၂ နဲ့ အမူဖွင့်လှစ်ထားပါတယ်။

မြို့မတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးက"မနေ့က ညအချိန်မှာ ဖမ်းခေါ်သွားတာပါ။ ငွေရစရာတွေရှိလို့ ဖမ်းသွားတာလား ဘာကြောင်းလဲတော့မသိဘူး။ မြို့မရဲစခန်းမှာတော့ မိဘတွေက အမူဖွင့်ထားတယ်။"လို့ ပြောပါတယ်။

ပြန်ပေးဆွဲအဖွဲ့ကို ရွှေဇားကျေးရွာအုပ်စုမှာ သက်ဆိုင်ရာ နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ နယ်ထိန်းရဲတပ်ဖွဲ့တွေက လိုက်လံစုံစမ်းနေတယ်လို့  နယ်ခြားစောင့်တပ်ဖွဲဝင်တွေက ပြောပါတယ်။

မောင်တောမြို့နယ်အတွင်း အခုလို ပြန်ပေးဆွဲမှုတွေဟာ မူးယစ်ဆေးဝါးကိစ္စတွေနဲ့ ဆက်နွှယ်နေတယ်လို့  မောင်တောဒေသခံမြို့လူကြီးတယောက်က သုံးသပ်ပြောပါတယ်။

"အဓိကက မူးယစ်ဆေးနဲ့ပတ်သတ်ပြီး ငွေရေးပြဿနာတွေရှိကြမယ်။ မပြေလည်တဲ့အခါ အခုလိုပြန်ပေးဆွဲဖမ်းဆီးပြီး ငွေတောင်းတာတွေရှိလာမယ်။ နောက်အနာဂတ်မှာ ဒီထက် ဆိုးဆိုးရွားရွားဖြစ်လာနိုင်တယ်။”

ဇွန် ၁၆ ရက်ကလည်း  မောင်တောမြို့နယ်တောင်ပိုင်း သင်္ဘေလှ​ကျေးရွာမူလွန်ကျောင်းမှ ပညာရေးဝန်ထမ်း နှစ်ယောက် ပြန်ပွဲဆွဲခံခဲ့ရပြီး ပြန်ပေးသမားတွေတောင်းတဲ့ မြန်မာငွေ သိန်း ၁၀၄၀ သိန်း ပေးပြီးမှ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ် သြဂုတ်လကလည်း  မောင်တောမြို့နယ် ပဒင်း(မွတ်ဆလင်)ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး မာမွတ်ရှော်ဖီကို အဒူလာကိန်းဓားပြအဖွဲ့က ပြန်ပေးဆွဲသွားပြီး ရက်ပေါင်း၂၀ လောက် ဖမ်းဆီးခံရပြီးနောက် ဘင်္ဂလားငွေ ၃ သိန်းအာမခံနဲ့ စက်တင်ဘာ ၃ ရက်မှာ လွှတ်ပေးခဲ့ပါတယ်။

ထိုအတူ ၂၀၂၁ ခုနှစ် ဇွန်လကလည်း မောင်တောမြို့မှ ပရိဘောဂရောင်းဝယ်ရေးဆိုင်ရှင် သားအဖနှစ်ယောက် ပြန်ပေးဆွဲခံရလို့ ငွေကြေး အမြောက်အမြားပေးပြီးမှ ပြန်လွတ်လာပါတယ်။ 

မောင်တောမြို့နယ်အတွင်း အခုလို ဓားပြမှုနဲ့ ပြန်ပေးမှုတွေ ဆက်တိုက်ဖြစ်နေပေမဲ့ တရားခံတွေကိုတော့ ဒီကနေ့အချိန်အထိ တယောက်မှ ဖမ်းဆီးခံရတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013