DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် စစ်ကောင်စီတပ် စစ်ရေးလေ့ကျင့်ပြီးနောက် ရှားပါးဝေလငါးသားပေါက်တကောင် သေဆုံး
DVB
·
July 7, 2022
ရခိုင်တွင် စစ်ကောင်စီတပ် စစ်ရေးလေ့ကျင့်ပြီးနောက် ရှားပါးဝေလငါးသားပေါက်တကောင် သေဆုံး
Donate to DVB

ရခိုင်ကမ်းရိုးတမ်း ပင်လယ်ပြင်မှာ ဇူလိုင် ၆ ရက်က စစ်ကောင်စီတပ်ရဲ့ စစ်ရေးလေ့ကျင့် ပစ်ခတ်မှုတွေကြောင့် ရှားပါးရေသတ္တဝါ  ဝေလငါးသားပေါက်တကောင် သေဆုံးခဲ့ရတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

စစ်တွေဒေသ သဘာဝအရေးလေ့လာသူ ဆရာတယောက်က  “ဝေလငါးက ဘာကြောင့်သေတယ် ဆိုတာကိုတော့အားလုံးသိတဲ့အတိုင်းပါ။ စစ်ကောင်စီက ရခိုင်ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်တော့ ရေကြောင်းပစ်ခတ်မှုတွေက ရှိကိုရှိမှာပဲလေ။ အဲဒါကြောင့် အခုလို ရှားပါးဝေလငါးသားပေါက်တကောင် သေဆုံးခဲ့ရတာ” လို့ ပြောပါတယ်။

အဆိုပါသေဆုံးသွားတဲ့ ဝေလငါးမှာ အလျား ၁၀ ပေ၊ အနံ ၃ ပေလောက် ရှိပြီး ဝေလငါးအသေကို စစ်တွေဟိုတယ်ရှေ့ သဲသောင်ပြင်ပေါ်မှာ မနေ့မနက်က တွေ့ရှိခဲ့ရတာပါ။ 

အဆိုပါ ဝေလငါးသေဆုံးမှုဟာ စစ်ရေးလေ့ကျင့်ပစ်ခတ်မှုကြောင့်လို့ ဒေသခံတွေက ပြောပေမဲ့  ဒီဗွီဘီ အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ကမ်းရိုးတန်း ရေပြင်မှာ စစ်ကောင်စီ ရေတပ်က ရေငုပ်သင်္ဘောအပါအဝင် စစ်ရေယာဉ် အစီး ၂၀ နဲ့ ရဟတ်ယာဉ်တွေအသုံးပြုပြီး စစ်ရေးလေ့ကျင့်ခဲ့တာဖြစ်ပြီး  အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း  တက်ရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေ ၃၀ ရက်ကလည်း ဂွမြို့နယ်၊ ပုန်ညက်ကျေးရွာ၊ ညောင်ပင်ခုန်ကမ်းခြေမှာ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် အလျား ၁၀ ပေ၊ အနံ ၄ ပေကျော်ရှိတဲ့ ဝေလငါးသားပေါက်အသေတကောင် သောင်တင်သေဆုံးခဲ့ရပြီး ၂၀၂၀ ဇန်နဝါရီ ၁၆ ရက်ကလည်း အရှည် ၄၅ ပေ၊ လုံးပတ် ၃၀ ပေလောက်ရှိတဲ့ ဝေလငါးကြီးတကောင် မောင်တော အလယ်သံကျော်ကမ်းခြေမှာ သောင်တင်သေဆုံးတယ်လို့ ငါးမွေးမြူရေးဦးစီးဌာနကနေ သိရှိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013