DVB Logo
Home
မြန်မာသတင်း
ဗန်းမောက်မြို့တွင် ရှမ်းနီတပ်မတော် (SNA) က ဆက်ကြေး ကောက်နေ
DVB
·
July 7, 2022
ဗန်းမောက်မြို့တွင် ရှမ်းနီတပ်မတော် (SNA) က ဆက်ကြေး ကောက်နေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ၊ ရွှေလုပ်ငန်းရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေထံ ကနေ ရှမ်းနီတပ်မတော် (SNA) က အဓမ္မ ဆက်ကြေးကောက်ခံနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဆက်ကြေးအဖြစ် ကျပ်သိန်း ၁၀၀ ၊ ကျပ်သိန်း ၅၀ ၊ ကျပ်သိန်း ၃၀ ၊ ကျပ် ၁၀ သိန်း၊ ကျပ် ၇ သိန်းအထိ အမျိုးအစားအလိုက် ဖုန်းနဲ့ လည်းကောင်း၊ စာနဲ့ လည်းကောင်း တဆင့်ခံ ကိုယ်စားလှယ်နဲ့ လည်းကောင်း ကောက်ခံနေတယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့မှာ နေထိုင်သူ တဦးက “စုံစမ်းသိရသလောက် အခြေအနေအရ တချို့က ဆက်ကြေးငွေကို သွင်းပြီးနေပြီလို့ သိရသလို တချို့ကရက်ချိန်းနဲ့ သွင်းခိုင်းတာလည်း ရှိပါတယ်။ အခုသတ်မှတ်ရက် ဇူလိုင်လ ၁၀ ရက်နေ့ကို ပေးသွင်းရမယ်လို့လည်း သိရတယ်။” လို့ ပြောပါတယ်။

ဒေသခံတွေကတော့ လက်နက်ကို ကြောက်တဲ့အတွက် ဆက်ကြေးငွေ ပေးကြရတယ်လို့ သိရပါတယ်။

“မြို့နေလူထုအနေနဲ့ အခုအခြေအနေမှာ အစစအရာရာ လုပ်ငန်းအဆင်မပြေမှုတွေနဲ့ စိတ်သောကရောက်နေကြရတယ်။ တချို့ဆိုစားသောက်ဖို့တောင်အနိုင်နိုင်။ အခုလိုအကြောင်းမဲ့သက်သက် အဓမ္မဆက်ကြေးကောက်ခံတာဟာ လက်နက်အားကိုး မိုက်ရိုင်းလွန်းတာဖြစ်တယ်။” လို့ ဗန်းမောက် ဒေသခံတဦးက ပြောပါပါတယ်။ 

ပြည်သူတွေထံကနေ ငွေကြေးကောက်ခံတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရှမ်းနီတပ်မတော် (SNA) ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013