DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရ
DVB
·
July 7, 2022
ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရ
Donate to DVB

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့သူ ရန်ကုန်ပညာရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုစိုးသူရကျော် (ခ) ကဗျာဆရာ သာသျှားဟာ ဇွန် ၂၇ ရက်က ထောင်ဒဏ် ၈ နှစ် အမိန့်ချမှတ်ခံရပြီး အိုးဘိုထောင်မှာ အကျဥ်းကျခံနေရတယ်လို့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က သတင်းထုတ်ပြန်ပါတယ်။

ကိုစိုးသူရကျော်ဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) နဲ့ ၃ နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) နဲ့ ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရတာဖြစ်ပြီး ရန်ကုန်မှာ ဆက်လက်ရင်ဆိုင်ရမယ့် အမှုတွေလည်း ရှိသေးပေမဲ့ ဘယ်ပုဒ်မနဲ့ တရားစွဲဆိုခံထားရလည်း ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။

ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ကိုစိုးသူရကျော်ဟာ ပြင်ဦးလွင်မြို့အနီး လမ်းခရီးတခုမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၄ ရက်က ဖမ်းဆီးခံခဲ့ရတာလို့ နီးစပ်သူတွေက ပြောပါတယ်။

ကိုစိုးသူရကျော်ဟာ ရန်ကုန်ပညာရေးတက္ကသိုလ်က ပေးအပ်တဲ့ ပညာရေးဘွဲ့ (B.Ed.) ရ အခြေခံပညာ ကျောင်းဆရာတဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပညာရေးသပိတ်စစ်ကြောင်းတွေကို ဦးဆောင်ခဲ့သူတဦးဖြစ်သလို အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) ရဲ့ အလုပ်အမှုဆောင်ကော်မတီဝင်တဦးလည်း ဖြစ်ပါတယ်။

ကိုစိုးသူ​ရကျော်အပြင် ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုနောင်ထက်အောင်နဲ့ လက်ရှိ ဒုဥက္ကဋ္ဌဖြစ်သူ ကိုဇော်ထက်နိုင်တို့လည်း ဖမ်းဆီးခံထားရပြီး ကိုဇော်ထက်နိုင်ကတော့ ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013