DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းမြို့နယ်ရဲစခန်း မိုင်းခွဲခံရ၊ ၅ ဦး အပြင်းအထန်ဒဏ်ရာရ
DVB
·
July 7, 2022
ဒီပဲယင်းမြို့နယ်ရဲစခန်း မိုင်းခွဲခံရ၊ ၅ ဦး အပြင်းအထန်ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ရဲစခန်းကို ဇူလိုင် ၆ ရက် မနက် ၁၁ နာရီခွဲလောက်က အဆင့်မြင့် အဝေးထိန်းစနစ်အသုံးပြုပြီး မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၅ ယောက်နဲ့အထက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ SNAKE EYES PDF အဖွဲ့က ပြောပါတယ်။ 

SNAKE EYES PDF အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက “ဖောက်ခွဲခဲ့ရတဲ့ အကြောင်းအရင်းကတော့ စကစတွေ အထိုင်ချထားတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်တဲ့ သဘောပါပဲ။ သူတို့စခန်းအတွင်းကို မိုင်းသွင်းတာကတော့ လုံခြုံရေးအရ ပြောပြလို့မရတာ နားလည်ပေးပါခင်ဗျ။ စခန်းအတွင်းက စားဖိုဆောင်အနီးမှာ ကျနော်တို့ မိုင်းကို ခွဲခဲ့တာပါ။ အထိအခိုက်က ၅ ဦးနဲ့အထက် ဒဏ်ရာရပါတယ်ခင်ဗျာ” လို့ ပြောပါတယ်။

အဆိုပါရဲစခန်းဟာ အင်အား ၃၀ ဝန်းကျင်ရှိတဲ့ စခန်းတခုဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေ ထိခိုက်မှုမရှိအောင် ဘေးကင်းတဲ့ အခြေအနေတခုမှာ မိုင်းကို အထဲရောက်အောင်သွင်းပြီး ဖောက်ခွဲခဲ့တာလို့ သိရပါတယ်။

“မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေမှာ ပြည်သူတွေကို ထိခိုက်မှာစိုးလို့ ရှောင်လိုက်ရတာတွေ၊ ဖျက်လိုက်ရတာတွေ ရှိတော့ ဖြစ်နိုင်ရင် စခတွေနဲ့ အနီးဆုံးနေရာတွေမှာ မနေစေချင်ပါဘူး ခင်ဗျာ” လို့ SNAKE EYES PDF အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဆိုပါ မြို့ပြစစ်ဆင်ရေးကို SNAKE EYES PDF၊ Non Profit Soldiers Ye.U နဲ့ Freedom Revolution Force (F.R.F) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013