Home
မြန်မာသတင်း
ဘော်လခဲ ရဲတပ်ကြပ် ၂ ဦး ပြည်သူကာကွယ်ရေးထံ ပူးပေါင်း
DVB
·
July 6, 2022
292441263_120999320641030_2066851469419163801_n

ကရင်နီ(ကယား)ပြည်နယ် ဘော်လခဲမြို့က ရဲတပ်ကြပ် ၂ ဦး ဘော်လခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ ပူးပေါင်းခဲ့ကြောင်း ဘော်လခဲပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။

ဘော်လခဲ ရဲတပ်ဖွဲ့ မှုခင်းနှိမ်နှင်းရေးတပ်စုမှ ရဲတပ်ကြပ်ကြီး ကိုဝင်းထွန်းနဲ့ နယ်ထိန်းတပ်ကြပ်ကြီး ကိုမျိုးဆွေဦးတို ဇူလိုင် ၃ ရက်နေ့က ဘော်လခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ကို ဆက်သွယ်ကာ CDM ပြုလုပ်ပြီး ဝင်ရောက်ခိုလှုံခဲ့တာလို့ ဆိုပါတယ်။

သူတို့နဲ့အတူ ၇၆-မမ ကျည် ၃၂၁ တောင့်နဲ့ လက်ပစ်ဗုံး ၆ လုံး၊ စကားပြောစက် ၂ လုံး ပါဝင်ခဲ့တယ်လို့ ဘော်လခဲ ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024