DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပြီး ထိခိုက်ကျဆုံး
DVB
·
July 5, 2022
ဖယ်ခုံမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပြီး ထိခိုက်ကျဆုံး
Donate to DVB

ရှမ်းပြည် (တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေးရွာဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ  ဇူလိုင် ၄ ရက် မနက်ပိုင်းကတည်းက တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးတာတွေရှိနေတယ်လို့ ကရင်နီတပ်ဖွဲ့ထံက သိရပါတယ်။ 

ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာအနီး စစ်ကောင်စီအထိုင်စခန်းနဲ့ လွယ်ပသာကျေးရွာက စစ်ကောင်စီအထိုင်စခန်းကို ကရင်နီပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

လွယ်ပသာစခန်းကို သွားရောက်တိုက်ခိုက်တဲ့ ကရင်နီပူးပေါင်းတပ်ကို စစ်ကောင်စီရဲ့ ပင်လောင်းတပ်တွေက စစ်ကူနဲ့ လာရောက်ပြီး နှစ်ဖက်ညှပ်တိုက်ခိုက်ခဲ့လို့ ကရင်နီပူးပေါင်းတပ်က တပ်ဖွဲ့ဝင် ၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီပူးပေါင်းတပ်ဘက်က သိရပါတယ်။ စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုတွေရှိနေပေမဲ့ အရေအတွက် အတိအကျ မသိရသေးပါဘူး။

ဇူလိုင် ၄ ရက် မနက် ၁၀ နာရီခွဲလောက်ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် လွိုင်ကော် - မန္တလေး၊ လွိုင်ကော် - ရန်ကုန်လမ်းမပေါ် ကားတွေ ပိတ်နေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်အတွင်း လက်နက်ကြီးတွေ ကျရောက်မှုကြောင့်လည်း ဖယ်ခံမြို့ပေါက်က နေအိမ်တချို ထိခိုက်ပျက်စီးခဲ့ပါတယ်။ 

ဇွန် ၁ ရက်မှ ၃၀ ရက်အထိ ၁ လအတွင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲပေါင်း ၄၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဖယ်ခုံမြို့နယ်မှာ ၆ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကရင်နီအရပ်ဘက်အဖွဲ့ရဲ့ မှတ်တမ်းအရ သိရပါတယ်။

ဇွန်လ တလတာ တိုက်ပွဲ ၄၄ ကြိမ်မှာ ဒီးမော့ဆိုမြို့နယ်မှာ ၂၁ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး ဖရူဆိုမြို့နယ်မှာ ၁၀ ကြိမ်နဲ့ စစ်ကောင်စီဘက်က ၃၁ ဦးကျဆုံးကာ ကရင်နီပူးပေါင်းတပ်ဘက်က  ၃ ဦး ကျဆုံးခဲ့ကြောင်းလည်း မှတ်တမ်းမှာဖော်ပြပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013