DVB Logo
Home
မြန်မာသတင်း
မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ (ရုပ်သံ)
DVB
·
July 4, 2022
မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ (ရုပ်သံ)
Donate to DVB

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ ရန္တပိုကျေးရွာကနေ တပ်အပြောင်းလဲနှတ်ဆက်ပွဲမှ ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇူလိုင် ၃ ရက်နေ့ နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ (CDSOM) က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးဟာ ရန္တပိုကျေးရွာမှာပြုလုပ်တဲ့ တပ်အပြောင်းလဲနှတ်ဆက်ပွဲကို သွားရောက်ခဲ့ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ကိုင်းကျေးရွာဘက်ကိုပြန်အလာ စက်လှေပေါ်ကဆင်းစဉ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အစက သူတို့လုပ်တဲ့ နှုတ်ဆက်ပွဲမှာ ဗုံးကြဲဖို့ စီစဉ်ထားတာ၊ ဒါပေမယ့် သူတို့က ရွာထဲကလူတွေကို တအိမ်တယောက်နှုန်းနဲ့ မလာမနေရ အတင်းအဓမ္မခေါ်ပြီး လူသားဒိုင်းလုပ်ထားတယ်။ ဒါကြောင့် အပြစ်မဲ့ကျေးရွာပြည်သူကို ထိခိုက်မှာစိုးလို့ အဲ့ဒီအစီစဉ်ဖျက်လိုက်ပြီး ဒီကောင်တွေချည်းပဲ သီးခြားဖြစ်နေမယ့်အချိန်ကို ‌စောင့်ပြီးတိုက်ခိုက်ခဲ့တာပါ။ ဗုံးက သူတို့ဆိုက်ကပ်တဲ့ စက်လှေဘက်မှာ ကွက်တိသွားကျ‌တယ်။ ပြန်လာတဲ့ အဲ့ဒီ ၆ ယောက်ထဲက ၄ ယောက်ကတော့ ဒဏ်ရာတွေနဲ့ သွေးရူးသွေးတန်းထွက်ပြေးရင်း လဲကျသေဆုံးသွားတယ်” လို့ CDSOM အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါဟာ မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်း မဟာမိတ်များ ရွှေ့လျားလှုပ်ရှားရေးအဖွဲ့ကို ဖွဲ့စည်းပြီးနောက် ၃ ရက်အကြာမှာ ပထမဆုံးအကြိမ် အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တဲ့ Drone Mission ဖြစ်တယ်လို့ ဆိုပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကို CDSOM ၏ Drone Team ၊ Young Fighter Popple's Defence Force of Myaung ၊ Shwe - Ao Revolution Force ၊ MGN Ranger ( မြင်းခြံခရိုင်တပ်ရင်း ၂)၊ Chaung U Revolation Army (ချောင်းဦးတော်လှန်ရေးတပ်ခွဲ ၂ )၊ People's Defence Force Taloke (မြင်းခြံခရိုင် တပ်ရင်း ၂) စတဲ့ ညီ‌နောင်မဟာမိတ်တပ်ဖွဲ့ ၆ ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013