DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘက်က တင်ပို့ခွန်မြှင့်လိုက်သဖြင့် မောင်တောတွင် တညင်းသီးစျေး ကျဆင်း
DVB
·
July 4, 2022
ဘင်္ဂလားဒေ့ရှ်ဘက်က တင်ပို့ခွန်မြှင့်လိုက်သဖြင့် မောင်တောတွင် တညင်းသီးစျေး ကျဆင်း
Donate to DVB

မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်စျေးကွက်သို့ တညင်းသီးတင်ပို့မှုအပေါ် အခွန်မြှင့်တင်လိုက်တာ ကြောင့် ရခိုင်ပြည်နယ် မောင်တောနယ်စပ်မြို့မှာ တညင်းသီးစျေးနှုန်း ငါးဆအထိ ကျသွားတယ်လို့  တညင်းသီးရောင်းဝယ်တဲ့ စျေးသည်တွေက ပြောပါတယ်။

"တညင်းသီး စပေါ်တဲ့အချိန်မှာ ၁၀၀ ကို ကျပ် ၁၃၀၀၀ အထိ ရောင်းချခဲ့ကြရတယ်။ အခုတော့ ဘင်္ဂလားကို မဆွဲတော့တာကြောင့် ၁၀၀ ကို ၃၀၀၀ စျေးအထိ ကျဆင်းသွားတယ်” လို့ စျေးသည်တဦးက ပြောပါတယ်။

ဇွန်လအစပိုင်း မြန်မာတညင်းသီးတွေ စတင်ထွက်ရှိချိန်က မောင်တောမြို့မှာ တညင်းသီး ၁၀၀ ကို ၁၃၀၀၀ ကျပ်အထိ ရောင်းချခဲ့ကြရပြီး အခုဇူလိုင်လဆန်းမှာတော့ ဘင်္ဂလားဘက်က တညင်းသီးတွေ စတင်ထွက်ရှိလာပြီဖြစ်တဲ့အတွက် မြန်မာဘက်က တင်သွင်းလာတဲ့ တညင်းသီးတွေေကို အခွန် တိုးမြင့်လိုက်တာ​ကြောင့် ဘင်္ဂလားဘက် တညင်းသီး တင်ပို့မှုကျဆင်းသွားပြီး တညင်းသီးဈေး ကျဆင်းသွားတာတာလို့ ကုန်သည်တဦးက ပြောပါတယ်။

“ဘင်္ဂလားအစိုးရက သူတို့နိုင်ငံက စိုက်ပျိုးရေးသမားတွေကို ဘယ်တောမှ အရှုံးမပေးဘူး။ ဘင်္ဂလားမှာ တညင်းသီး စပေါ်တာနဲ့ မြန်မာဘက်က တညင်းသီး တင်သွင်းတာကို အခွန်မြှင့်တင် လိုက်တယ်။ ကြက်သွန်နီတုန်းကလည်း အဲဒီလိုပဲ။” 

လက်ရှိ မြန်မာနိုင်ငံရဲ့ အနောက်ဘက်နယ်စပ် မောင်တောမြို့ကို အထက်မြန်မာပြည်နဲ့ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ တင်သွင်းလာတဲ့ တညင်းသီးအလုံးအရေအတွက် ၂၀၀၀ ပါ အိတ်ကြီး ၁ အိတ် ကို  ၄၀၀၀၀ ကျပ် ပေးဝယ်ရပြီး တညင်းသီးအခွန်နွှာပြီးသား ၁၀၀ ကို ၃၀၀၀ ကျပ်နှုန်းနဲ့ ရောင်းချနေကြတယ်လို့ စျေးသည်တွေက ပြောပါတယ်။

စျေးနှုန်းကျဆင်းသွားတာကြောင့် မြန်မာဘက်က တညင်းသီးစိုက်တောင်သူတွေ အထူးနစ်နာနေတယ်လို့ စိုက်ပျိုးရေးလုပ်ကိုင်နေသူတောင်သူတွေ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013