DVB Logo
Home
မြန်မာသတင်း
လောင်းလုံးတွင် PDF စခန်းတခု သိမ်းဆည်းခံရပြီး တပ်ဖွဲ့ဝင် ၁ ဦး ဖမ်းဆီးခံရ
DVB
·
July 4, 2022
လောင်းလုံးတွင် PDF စခန်းတခု သိမ်းဆည်းခံရပြီး တပ်ဖွဲ့ဝင် ၁ ဦး ဖမ်းဆီးခံရ
Donate to DVB

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ ပညစ်ကျေးရွာအနီး အခြေစိုက်တဲ့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်စခန်းတခုကို ဇွန် ၃၀ ရက်က စစ်ကောင်စီတပ်တွေ သိမ်းပိုက်ခဲ့ပြီး တပ်ဖွဲ့ဝင်တဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

“စခန်းဘက်ကို သေနတ်ပစ်ပြီး စစ်ကြောင်းထိုးဝင်လာတာက အင်အား ၂၀ လောက်ပဲ။ ဒါပေမဲ့ ရေလမ်း၊ ကုန်းလမ်း ပတ်ပတ်လည် ထွက်ပေါက်တွေ အကုန်လုံးမှာက သူတို့ အင်အားအလုံးအရင်းနဲ့ နေရာယူထားပြီးပြီ။ ဒါကြောင့် ကျနော်တို့ ဆုတ်ပေးခဲ့ရတာ။ တပ်ဆုတ်လာတဲ့ ရဲဘော်တွေတော့ လုံခြုံတဲ့နေရာ ရောက်ပါပြီ။”

စစ်ကောင်စီတပ်ဘက်ကနေ ဇွန် ၃၀ ရက်က အင်အားအလုံးအရင်းနဲ့ စခန်းရှိရာကို ထိုးစစ်ဆင်လာသဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လက်နက်အင်အား၊ လူအင်အား မမျှတဲ့အတွက် စခန်း ဆုတ်ခွာ တပ်ဆုတ်ပေးခဲ့ရတယ်လို့လည်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ ထုတ်ပြန်ထားပါတယ်။

စခန်းသိမ်းခံရမှုကြောင့် စခန်းရှိ လက်လုပ်သေနတ်တချို့၊ လက်လုပ်မိုင်းနဲ့ ရိက္ခာတချို့အပြင် စခန်း အတွက်လိုအပ်တဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေပါ ဆုံးရှုံးခဲ့ရပြီး တပ်ဖွဲ့ဝင်တဦးလည်း သေနတ်ဒဏ်ရာနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ တပ်ဖွဲ့ဝင်တဦးရဲ့ အခြေအနေကိုတော့ အသေးစိတ် မသိရသေးဘဲ ဖမ်းဆီးခံ ထားရစဥ် ထွက်ပြေး လွတ်မြောက်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

လောင်းလုံးမြို့နယ်အတွင်းကို ဇွန် ၁၄ ရက်နေ့ကနေစ​ပြီး စစ်ကောင်စီတပ်သား ၃၀၀ လောက် အင်အားဖြည့်တင်းရောက်ရှိလာပြီး ကုန်းလမ်းရော ရေလမ်းကိုပါ အသုံးပြုကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်စခန်းတွေ ရှိနေနိုင်တဲ့ တောတောင်တွေနဲ့ အချို့ကျေးရွာတွေထဲ ဝင်ရောက်ရှာဖွေ စစ်ဆေးတာတွေပြုလုပ်ခဲ့ပြီး ရွာခံ ၁၀ ဦးလောက်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇွန် ၁၆ ရက်ကနေ ၂၉ ရက်အထိ လောင်းလုံးမြို့နဲ့ ကျေးရွာအချို့က CDM ဝန်ထမ်းတွေအပါအဝင် ပြည်သူ ၄၀ လောက်အား ဖမ်းဆီးခဲ့ပြီး အချို့ကို ထားဝယ်အကျဥ်းထောင် ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။

ဓာတ်ပုံ - သိမ်းဆည်းခံရတဲ့ PDF စခန်းက လက်နက်ခဲယမ်းများ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013