DVB Logo
Home
မြန်မာသတင်း
ဘိုကလေးမြို့ ၌ ဖမ်းဆီးခံရသည့် FAO ဝန်ထမ်း ၁ ဦးကို ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲပြီး ဖျာပုံထောင်ပို့
DVB
·
July 4, 2022
ဘိုကလေးမြို့ ၌ ဖမ်းဆီးခံရသည့် FAO ဝန်ထမ်း ၁ ဦးကို ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲပြီး ဖျာပုံထောင်ပို့
Donate to DVB

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ ရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ဝန်ထမ်း ကိုအောင်မျိုးသန့်ကို  စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲဆိုကာ ဇွန်လကုန်ပိုင်းမှာ  ဖျာပုံထောင်ကို ပိုခဲ့တယ်လို့ အကျဉ်းထောင်အသိုက်အဝန်းကနေ သိရပါတယ်။

ကိုအောင်မျိုးသန့်ဟာ ပုဂံဇာတိဖြစ်ပြီး နေပြည်တော် ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO)ရုံးချုပ်ကနေ ဘိုကလေးမြို့ကို တာဝန်စေလွှတ်ခဲ့လို့ ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့က တည်းခိုခန်းတစ်ခုမှာ ငှားရမ်းနေထိုင်စဉ် စစ်ကောင်စီတပ်သားတွေက ဧည့်စာရင်းဝင်စစ်ရင်း ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ 

“ဧည့်စာရင်းဝင်စစ်ရင်းနဲ့ဖမ်းလာတာ ယုန်ထောင် ကြောင်မိပုံစံဖြစ်သွားတာ။ ဝင်စစ်တဲ့အချိန်မှာ သူဖုန်းထဲကနေ စစ်ကောင်စီကိုဆန့်ကျင်တဲ့ နိုင်ငံရေးပိုစ့်တွေကြောင့် ခုလို ပုဒ်မ အတပ်ခံလိုက်ရတာ အကျဉ်းထောင်ကို ပို့လိုက်ပြီ”လို့ အကျဉ်းထောင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။ 

ကိုအောင်မျိုးသန့်ကို စတင်ဖမ်းဆီးချိန်မှာ ဘိုကလေးမြို့မရဲစခန်းအချုပ်မှာသာ ထားရှိခဲ့ပြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ပြီး တရားစွဲစွဲဖို့ ထောင်တွင်းတရားရုံးမှာ စစ်ဆေးတာဖြစ်တာကြောင့် ဖျာပုံအကျဉ်းထောင်ကို ပြောင်းခဲ့တာလို့ ဆိုပါတယ်။

ကိုအောင်မျိုးသန့်ဟာ မိသားစုနဲ့လည်း အဆက်သွယ်ရတဲ့ပုံမရှိသလို ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO)ရုံးဘက်ကလည်း အကူအညီပေးမပေး မသိရသေးဘူး ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013