DVB Logo
Home
မြန်မာသတင်း
ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ
DVB
·
July 3, 2022
ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဇူလိုင် ၂ ရက် ညနေပိုင်းက ဝိုင်းဖွဲ့ထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၁၂ ယောက်လောက် သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ ( CDSOM )က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာမှာ တစ်ညအိပ် နှစ်ရက် တပ်စွဲခဲ့ပြီးနောက် စစ်ကြောင်းပြန်လည်ထွက်ခွာလာရာ ချောင်းဦးမြို့နဲ့ ငါးယှန်ကျေးရွာအကြား ထန်းတောထဲရှိ အပင်အောက်မှာ အုပ်စုလိုက်ဝိုင်းဖွဲ့ထိုင်နေစဉ် တိုက်ခိုက်ခံရတာလို့ သိရပါတယ်။

CDSOM အဖွဲ့ မှာ တာဝန်ရှိသူတစ်ဦးက"သူတို့က စစ်ကြောင်းထွက်ရင်း အပင်အောက်မှာ အုပ်စုလိုက်ဝိုင်းဖွဲ့ ထိုင်နေတော့ သေဖို့ လူစုလိုက်သလို ဖြစ်သွားတာ။ မျက်မြင်ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး နဲ့အထက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ် " လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ သေဆုံးတဲ့အရေအတွက်နဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒုတိယတိုက်ခိုက်မှုအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကြောင်းဟာ မှန်ချိုကျေးရွာရဲ့ အရှေ့ဘက်ကို ဆက်လက်ထွက်ခွာလာရာမှာ မုံရွာ - မန္တလေးလမ်းပေါ်ရှိ မောင်းနှင်လာတဲ့ တွဲကားတစ်စင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ လောက်က ကနဦးတားဆီးလိုက်ပါဖို့ ပြုလုပ်နေစဉ် ဒရုန်းနဲ့တိုက်ခိုက်ရာမှာတော့ စက်ချို့ယွင်းမှုကြောင့် မအောင်မြင်ခဲ့ရကြောင်း သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို  CDSOM ရဲ့ Drone Team၊ CDSOM ရဲ့မြောက်ပိုင်းတိုက်ခိုက် ရေးနှင့်ကာကွယ်ရေးအဖွဲ့ 012၊ CDSOM ရဲ့မြောက်ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေးအဖွဲ့ BSK၊ Young Fighter People's Defence Force of Myaung၊ Shwe - Ao Revolution Force၊ Chaung U Middle Wolves Army၊ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - CHUPDF၊ Black Eagle Defense Force – MMU မြင်းမူလင်းယုန်နက်ကာကွယ်ရေးအဖွဲ့၊ Myinmu Civil Revolution Force - CRF မြင်းမူမြို့နယ်တော်လှန်ရေးတပ်ဖွဲ့၊ MPTF မုံရွာကာကွယ် ရေးအဖွဲ့၊ Chaung U Revolution Army ချောင်းဦးမြို့နယ်တော်လှန်ရေးတပ်ခွဲ (၂)နဲံ PDF-Taloke စတဲ့ ညီနောင်မဟာမိတ်အဖွဲ့ ၁၂ ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013