DVB Logo
Home
မြန်မာသတင်း
မောင်တောထွေ/အုပ်ဝန်ထမ်း အသတ်ခံရမှုဖြင့် အသက်မပြည့်သေးသည့် ကလေး ၂ ဦးကို ဖမ်းဆီး အမှုဖွင့်
DVB
·
July 2, 2022
မောင်တောထွေ/အုပ်ဝန်ထမ်း အသတ်ခံရမှုဖြင့် အသက်မပြည့်သေးသည့် ကလေး ၂ ဦးကို ဖမ်းဆီး အမှုဖွင့်
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတယောက် အသက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး တရားခံအစစ်ကို ဖမ်းမမိသေးဘဲ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေး ၂ ယောက်ကို လူသတ်ရာမှာ ပူးပေါင်းပါဝင်မှုနဲ့  ဖမ်းဆီးအမှုဖွင့် စစ်ဆေးနေပါတယ်။ 

မောင်တောမြို့နယ် မြင်းလွတ်ထွေ/အုပ်ဝန်ထမ်း ကိုဆန်းဌေးနိုင် (၂၆ နှစ်)ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၂ ရက် ညသန်းခေါင်  ၁၂ နာရီလောက်က မောင်တောမြို့ စက်လှေဆိပ်အနီး အသတ်ခံလိုက်ရတာပါ။

လက်ရှိမှာတော့ အဆိုပါလူသတ်မှုမှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့  အသက် ၁၈ နှစ်အောက် ကလေးငယ် ၂ ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ နဲ့ အမှုဖွင့် တရားစွဲတင်ထားပြီး သူတို့ရဲ့ ထွက်ဆိုချက်တွေအရ တရားခံအစစ်အမှန်မှာ အသက် ၂၃ နှစ်အရွယ် အိစ္စမိုင် (ခ) မူမတ်အိစ္စမိုင် (ဘ) မာမတ်အိဆိတ် ဖြစ်ကြောင်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။

အမည်မဖော်လိုတဲ့ ရဲအရာရှိတဦးက “အသက်မပြည့်ဆိုပြီး ကလေးသူငယ်ဥပဒေပုဒ်မကို ဗန်းပြပြီး အမှုဆုံးဖြတ်လို့တော့ မရဘူး။ လူသတ်မှုမှာ ပါဝင်သူတွေကို ထိရောက်စွာ အပြစ်ပေးဖို့လိုသလို တဖက်နိုင်ငံကို ထွက်ပြေးနေတဲ့ တရားခံအစစ်ကိုလည်း အာဏာပိုင်တွေအနေနဲ့ နှစ်နိုင်ငံ စကားပြောပြီး ဖမ်းဆီးနိုင်ဖို့လိုတယ်။ ဒါမှ ဒီဒေသမှာ မှုခင်းတွေ ကျဆင်းသွားမှာဖြစ်တယ်။ အခုက မြန်မာဘက်မှာ ပြစ်မှုကျူးလွန်တယ်၊ ဘင်္ဂလားဘက်ကို တိမ်းရှောင်နေတယ်” လို့ ပြောပါတယ်။

အခုလို လူသတ်မှုဖြစ်ပြီးအချိန် ၆ လကျော်ကြတဲ့အထိ တရားခံအစစ်ကို ဖမ်းမမိသေး​တဲ့အတွက် အာဏာပိုင်တွေအနေနဲ့ အဓိက တရားခံကို ထိရောက်စွာ ဖမ်းဆီးအရေးယူပေးဖို့ မိသားစုဝင်တွေက တောင်းဆိုထားကြပါတယ်။

အသတ်ခံရသူရဲ့ ဖခင်ဖြစ်သူ ကိုအောင်ဌေးက “ကျနော့်သားကို အမှန်သတ်သွားတဲ့ လူသတ်တရားခံက လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘင်ဒရော်ဘင် နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ကုန်တင်ကုန်ချအလုပ်တွေကို လုပ်နေတယ်လို့ အတိအကျ သိထားတယ်။ ဒါပေမဲ့ မြန်မာအစိုးရ အာဏာပိုင်တွေအနေနဲ့ ဘင်္ဂလားအစိုးရကို အကြောင်းကြားပြီး ဖမ်းဆီးပေးတာ ယနေ့အထိ မရှိသေးဘူး။ ပညာရေးဝန်ထမ်း ၂ ဦး ပြန်ပေးဆွဲခံရတာတော့ နှစ်နိုင်ငံညှိနှိုင်းပြီး ပြန်ခေါ်နိုင်ခဲ့တယ်။ ကျနော့်သားလည်း ထွေအုပ်ဝန်ထမ်းတဦးပါ။ အခုလို ဥပေက္ခာမပြုထားသင့်ဘူး” လို့ ပြောပါတယ်။

လက်ရှိမှာတော့ လူသတ်မှုမှာ ပူးပေါင်းပါဝင်မှုနဲ့ စွပ်စွဲခံရတဲ့  အသက် ၁၈ နှစ်အောက် ကလေး နှစ်ယောက်ဖြစ်တဲ့  ဟာဆာအာရာဖက်နဲ့ နော်ဘဲလ်ဟူဆောင်းတို့ကို မောင်တောမြို့နယ်တရားရုံးမှာ စစ်ဆေးနေဆဲဖြစ်ကြောင်း စွပ်စွဲခံရသူတွေဘက်က လိုက်ပါဆောင်ရွက်‌နေတဲ့  ရှေ့နေထံက သိရပါတယ်။

အဆိုပါ လူသတ်မှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံထားရတဲ့ ကလေး ၂ နှစ်ယောက်နဲ့ ဘင်္ဂလားဒေ့ရှ်ရောက် အိစ္စမိုင် (ခ) မူမတ်အိစ္စမိုင် တို့ဘက်ကတော့ စွပ်စွဲချက်တွေမှန်ကန်မှု ရှိမရှိ ပြန်လည်ပြောဆိုနိုင်တဲ့ အခွင့်အရေး မရရှိသေးပါဘူး။   

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013