DVB Logo
Home
မြန်မာသတင်း
ကျောင်းသားသမဂ္ဂအဖွဲ့ဝင် စိုင်းစစ်အောင် ဖမ်းဆီးခံရပြီး ရက် ၅၀ နီးပါးထိ အဆက်အသွယ်မရ
DVB
·
July 1, 2022
ကျောင်းသားသမဂ္ဂအဖွဲ့ဝင် စိုင်းစစ်အောင် ဖမ်းဆီးခံရပြီး ရက် ၅၀ နီးပါးထိ အဆက်အသွယ်မရ
Donate to DVB

တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် စိုင်းစစ်အောင် အပါအဝင် နှစ်ဦးကို စတင်ဖမ်းဆီးခံရတဲ့ မေ ၁၃ ရက်ကစလို့ ၄၉ ရက်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ် မရဘူးလို့ မိသားစုနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

စိုင်းစစ်အောင်ကို စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းမခံရခင် နှစ်ရက်အလို မေ ၁၁ ရက်က နောက်ဆုံးအဆက်အသွယ်ရခဲ့ပြီး နောက်ပိုင်း လုံးဝ အဆက်အသွယ်မရတော့ဘူးလို့ မိသားစုဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ စိုင်းစစ်အောင်နဲ့အတူ ဖမ်းဆီးခံရသူ ကိုအောင်မင်းသိန်းတို့နှစ်ဦးကို မေ ၁၃ ရက်က ရပ်စောက်မြို့မှာရှိတဲ့ စစ်ကောင်စီ ‌စစ်ဆေးရေးဂိတ်မှာ လက်နက်တွေနဲ့အတူ ဖမ်းဆီးရခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂကလည်း ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေတဲ့ စိုင်းစစ်အောင်ရဲ့ အသက်အန္တရာယ် လုံခြုံရေးနဲ့ အဆက်အသွယ် ရရှိရေးတို့အတွက် အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ ကူညီပေးကြဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ဇွန် ၃၀ ရက် ထုတ်ပြန်ချက်အရ ၂၀၂၁ ဖေဖော်ဝါရီကစလို့ အာဏာသိမ်းတနှစ်ကျော်ကာလအတွင်း ၁၁,၃၃၈ ယောက် ဖမ်းဆီးခံထားရပြီး ၁,၂၀၈ ‌ေယာက်ဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013