DVB Logo
Home
မြန်မာသတင်း
ပခုက္ကူ ကျောင်းသားသမဂ္ဂ အတွင်းရေးမှူးဟောင်းကို စစ်ကောင်စီတပ် ရိုက်နှက်ဖမ်းဆီး
DVB
·
July 1, 2022
ပခုက္ကူ ကျောင်းသားသမဂ္ဂ အတွင်းရေးမှူးဟောင်းကို စစ်ကောင်စီတပ် ရိုက်နှက်ဖမ်းဆီး
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဇွန် ၃၀ ရက် မွန်းလွဲပိုင်းက ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ အတွင်းရေးမှူးဟောင်းတယောက်ကို မမှန်သတင်း ရေးသားဖြန့်ဝေတယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်မြို့နယ်၊ ထန်းတောဦးရွာက ပခုက္ကူကျောင်းသားသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုမျိုးသူကို ဇွန် ၃၀ ရက် မွန်းလွဲ ၂ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ မမှန်သတင်း ရေးသားဖြန့်ဝေတယ်စွပ်စွဲပြီး ပခုက္ကူမြို့ အမှတ် ၆ ရပ်ကွက် ၁၁ လမ်းမှာ ရိုက်နှက်ဖမ်ဆီးသွားကြတာလို့ ပခုက္ကူမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“စစ်(...)နဲ့ အပေါင်းပါ အင်အား ၁၅ ယောက်လောက်တော့ ရှိမယ်ဗျ။ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ မမှန်သတင်းဖြန့်လို့ဆိုပြီး ရိုက်နှက်ဖမ်းဆီးသွားကြတာ။ စစ်(...)တွေကတော့ မှန်မှန်မမှန်မှန် သူတို့နဲ့ ဆန့်ကျင်တဲ့စာတွေ လူမှုကွန်ရက်မှာ ‘Share’ တာနဲ့ အိမ်တိုင်ရာရောက် လိုက်လံဖမ်းဆီးတာတွေ လုပ်နေကြပြီ။”

ကိုမျိုးသူကို ပခုက္ကူမြို့မရဲစခန်း စစ်ကြောရေးကို ပို့ဆောင်လိုက်တယ်လို့ သိရပြီး မိသားစုဝင်တွေကိုလည်း တွေ့ခွင့်မပေးသေးဘူးလို့ ဆိုပါတယ်။

ပခုက္ကူမြို့ အမှတ် ၂ ရပ်ကွက်မှာလည်း ဇွန် ၂၉ ရက်ညက ဆိုင်ကယ်စီးလာတဲ့ လူငယ်တယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဇွန် ၂၉ ရက်အထိ နိုင်ငံတဝန်း  မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသူ ၁၁,၃၁၀ ယောက်ရှိပြီး အဲဒီထဲက ၁,၂၀၅ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ဇွန် ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013