DVB Logo
Home
Lead Story
အရက်နဲ့ စွမ်းအားဖြည့် အချိုရည်တွေ ရောမသောက်ပါနဲ့
DVB
·
July 1, 2022
အရက်နဲ့ စွမ်းအားဖြည့် အချိုရည်တွေ ရောမသောက်ပါနဲ့
Donate to DVB

အရက်ကို စွမ်းအားဖြည့် အချိုရည်တွေနဲ့ ရောသောက်ရတာကို အဝင်ကောင်းတယ်ဆိုပြီး သဘောတကျနဲ့ သောက်မိနေပြီလား။ ဒီလို သောက်တာက မကောင်းပါဘူး။ အရက်ကို တစ်ခုခုနဲ့ရောသောက်ဖို့ လိုတာမှန်ပေမယ့် ရောသောက်မိတဲ့ အချိုရည်က စွမ်းအားဖြည့် အချိုရည် မဖြစ်ဖို့ လိုပါမယ်။

စွမ်းအားဖြည့် အချိုရည်တွေမှာ ကဖင်း ပါဝင်နေသလို စိတ်ခံစားမှု တက်ကြွအောင် လှုံ့ဆော်ပေးနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေပါတယ်။ ဒီလို ပါဝင်နေတာကြောင့် သောက်ပြီးစမှာ စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းစေနိုင်ပေမယ့် အချိန်ကြာလာတဲ့အခါ စိတ်ရောကိုယ်ပါ ထိခိုက်စေနိုင်ပါတယ်။

စွမ်းအားဖြည့် အချိုရည်ဆိုတာ

စွမ်းအားဖြည့် အချိုရည်ဆိုတာက သောက်စရာ တစ်မျိုးပါ။ ကဖင်း ပမာဏ များစွာ ပါဝင်နေသလို taurine၊ guarana၊ သကြားနဲ့ ဗီတာမင် B တို့ ပါဝင်နေနိုင်ပါတယ်။ ဒါကြောင့် စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

စွမ်းအားဖြည့်အချိုရည်တွေမှာ ကဖင်းပမာဏက ၄၀ mg ကနေ ၂၄၀ mg အထိ ပါဝင်နေပါတယ်။ ဒါကြောင့် သောက်ပြီး အချိန် အနည်းငယ်အကြာမှ တက်ကြွလန်းဆန်းတယ်လို့ ခံစားရပြီး ရေရှည်မှာ နှလုံးခုန်မမှန်တာ၊ စိတ်ဖိစီးတာ၊ အလွန်အမင်း စိတ်ရှုပ်ထွေးတာ၊ သွေးတိုးတာ၊ သွေးပျစ်တာတွေကို ခံစားရနိုင်ပါတယ်။ ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ရပ်အရ စွမ်းအားဖြည့် အချိုရည်တွေ သောက်သုံးတာက ရုတ်တရက် နှလုံးရပ်တာကို ဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

အရက်နဲ့ စွမ်းအားဖြည့် အချိုရည်တွေ ရောမသောက်ပါနဲ့

အရက်နဲ့ စွမ်းအားဖြည့် အချိုရည်တွေ ရောမသောက်ပါနဲ့ လို့ ပြောရတာက ဒီအချက်တွေကြောင့်ပါ။

  • အရက်ကို စွမ်းအားဖြည့် အချိုရည်နဲ့ ရောသောက်တာက အရသာကောင်းပြီး အဝင် ကောင်းပေမယ့် ကဖင်း အလွန်အကျွံ ပါဝင်နေတာက အယ်လ်ကိုဟော အဆိပ်သင့်မှုကို ပြင်းပြင်းထန်ထန် ခံစားရစေနိုင်ပါတယ်။
  • အယ်လ်ကိုဟောက ဗဟိုအာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပြီး ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို နှေးကွေးစေနိုင်သလို လှုပ်ရှားနိုင်မှု စွမ်းရည်ကို ထိခိုက်စေနိုင်ပါတယ်။
  • တက်ကြွလွန်တာမျိုး ဖြစ်စေပြီး နည်းနည်းလေးပဲ သောက်မိရင်တောင် အရမ်း တက်ကြွနေစေပါတယ်။ ဒါက ကောင်းတယ်လို့ ထင်စရာ ရှိပေမယ့် ရေရှည်မှာ ခန္ဓာကိုယ်မှာ အားအင် ကုန်ခမ်းစေနိုင်ပါတယ်။
  • ကဖင်း အလွန်အကျွံ သောက်သုံးမိတာကြောင့် စိတ်ရောကိုယ်ပါ ထိခိုက်စေနိုင်ပြီး နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
  • စွမ်းအားဖြည့် အချိုရည်တွေမှာ ကယ်လ်လိုရီတွေ အလွန်အကျွံ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေ တက်စေပြီး အဝလွန်တာမျိုး ဖြစ်စေနိုင်ပါတယ်။
  • ကဖင်းကြောင့် စိတ်ပိုင်းဆိုင်ရာ တက်ကြွလွန်းပြီး ဆုံးဖြတ်ချက် အမှားတွေ ချမိနိုင်ပါတယ်။
  • ကဖင်း နဲ့ အယ်လ်ကိုဟောရဲ့ သက်ရောက်မှုတွေကြောင့် အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပြီး အိပ်မပျော်တာမျိုး ဖြစ်စေနိုင်ပါတယ်။

ဒါတွေအပြင် အရက် နဲ့ စွမ်းအားဖြည့် အချိုရည်တွေ ရောသောက်မိတဲ့အခါ

  • စိတ်ရော ကိုယ်ပါ အနားမရတာ
  • နှလုံးခုန် မြန်တာ
  • မအီမသာ ဖြစ်တာ
  • စိတ်ပူပန်တာ
  • နှလုံးခုန် မမှန်တာ
  • အဖျားတက်တာ
  • ရင်ဘတ်အောင့်တာ
  • ထိန်းချုပ်မဲ့ ကြွက်သားတွေ ကျုံ့ဆန့်တာ
  • အာရုံတွေ ထင်ရောင်ထင်မှား ဖြစ်တာ
  • အော့အန်တာ
  • အသက်ရှူရ ခက်တာတွေကို ခံစားရနိုင်ပါတယ်။

အရက်နဲ့ စွမ်းအားဖြည့် အချိုရည်တွေရောသောက်တာက အရသာ ကောင်းပေမယ့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တာကြောင့် မသောက်တာက အကောင်းဆုံးပါ။ ခန္ဓာကိုယ်မှာ ကဖင်းဓာတ် လွန်ကဲရင်ကို ထိခိုက်မှုက ပြင်းထန်တာကြောင့် အယ်လ်ကိုဟောနဲ့ပါ ပေါင်းစပ်လိုက်မယ်ဆိုရင် ထိခိုက်မှုက ပြင်းထန်နိုင်တာကြောင့် သတိထားဖို့ လိုပါမယ်။ အယ်လ်ကိုဟောကို စွမ်းအားဖြည့် အချိုရည်တင် မဟုတ်ပါဘူး။ ကဖင်းပါတဲ့ အချိုရည်တွေနဲ့လည်း ရောမသောက်သင့်ပါဘူး။

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ပြန်လည်ဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013