ချန်ပီယံလိဂ် လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းက အီတီဟတ်ကွင်းမှာ မန်စီးတီးအသင်းကို ပထမပိုင်းမှာတင် သွင်းဂိုး ၃ ဂိုးနဲ့ ဦးဆောင်ကာ ၄ ဂိုး ၂ ဂိုးနဲ့ အပြတ်အသတ် အနိုင်ယူသွားပါတယ်။
ပီအက်စ်ဂျီအတွက် ပွဲချိန် ၁၃ မိနစ်မှာ ဒီဆီရီ ဒူအေးက အဖွင့်ဂိုး စတင်သွင်းယူခဲ့ပြီး ၂ မိနစ်အကြာမှာ အွတ်စမန် ဒမ်ဘီလီက ဒုတိယဂိုးနဲ့ ၃၂ မိနစ်မှာ ဗီတင်ညာက တတိယဂိုးတို့ကို အသီးသီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ မန်စီးတီးအသင်းဘက်က အပြောင်းအလဲတွေ လုပ်ဆောင်ခဲ့ပြီးနောက် အာလင်း ဟာလန်းက ခေါင်းတိုက်ဂိုး ၂ ဂိုး သွင်းယူပေးခဲ့ပေမဲ့ ဂိုးသမား ဒွန်နာရမ်မာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ ဂိုးနဲ့ ပီအက်စ်ဂျီက အနိုင်ရသွားတာပါ။
ပွဲချိန်နှောင်းပိုင်းမှာ ပီအက်စ်ဂျီအသင်း ပင်နယ်တီကန်သွင်းခွင့် ရခဲ့ပေမဲ့ မန်စီးတီးဂိုးသမား ဒွန်နာရမ်မာ ကာကွယ်နိုင်ခဲ့တာကြောင့် ၄ ဂိုး ၂ ဂိုးနဲ့ပဲ ပီအက်စ်ဂျီ အနိုင်ရသွားတာ ဖြစ်ပါတယ်။











