DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့တွင် Wifi တပ်ဆင်ရာမှ ဓာတ်လိုက်ပြီး ၁ ဦးသေဆုံး၊ ၂ ဦး ဆေးရုံတင်ထားရ
DVB
·
July 1, 2022
စစ်တွေမြို့တွင် Wifi တပ်ဆင်ရာမှ ဓာတ်လိုက်ပြီး ၁ ဦးသေဆုံး၊ ၂ ဦး ဆေးရုံတင်ထားရ
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ Arakan Link Wifi တပ်ဆင်ရေးကုမ္ပဏီဝန်ထမ်း ၃ ဦးဓာတ်လိုက်ပြီး ၁ ဦးသေ၊ ၂ ဦး ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။

"ဟုတ်ပါတယ်။ Arakan Link Wifi တပ်ဆင်ရေးကုမ္ပဏီက ဝန်းထမ်း ၃ ဦးပါ။ Wifi တပ်ဆင်နေကြစဥ် ဓာတ်လိုက်ပြီး ၁ ဦးသေဆုံးသွားတယ်၊ ကျန် ၂ ယောက်က ဆေးရုံတင်ထားရပါတယ် လို့ မျက်မြင်စစ်တွေဒေသခံတဦးက ပြောပါတယ်။

စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်းရှေ့လမ်းဆုံမှာ Wifi ကြိုးတပ်ဆင်ရာမှ ဓာတ်လိုက်တာကြောင့် ကိုသိန်းထွန်းနိုင် (၃၁ နှစ်) သေဆုံးပြီး ကိုမောင်ဌေး (၂၂ နှစ်) နဲ့ ကိုထွန်းချေ (၃၁ နှစ်) တို့ကိုတော့ ဆေးရုံတင်လိုက်ရတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ကိုသိန်းထွန်းနိုင်မှာ ချင်းပြည်နယ် ပလက်ဝမြို့မှ စစ်ဘေးရှောင်တဦးဖြစ်ပြီး အဲဒီကုမ္ပဏီမှာ နေ့စားလုပ်ကိုင်နေတာလို့ ဒေသခံတဦးက ပြောပါတယ်။

“သူက ပလက်ဝကနေ စစ်ဘေးရှောင်လာပြီး စစ်တွေက ငါးစင်ရိုင်းချောင်းဘုန်းကြီးကျောင်းမှာ နေထိုင်သူဖြစ်တယ်။”

စစ်တွေမြို့မှာ ပြီးခဲ့တဲ့ မေလအတွင်းကလည်း ဓာတ်လိုက်သေဆုံးသူ စစ်ဘေးရှောင် ၁ ဦးအပါအဝင် ၅ ဦးအထိရှိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013