DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်
DVB
·
June 30, 2022
ယင်းမာပင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေက ဇွန် ၂၈ ရက် ညနေပိုင်းက တကြိမ်နဲ့ ဇွန် ၂၉ ရက် ညနေ ၃ နာရီလောက်ကတကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်စဥ်မှာ အဝေးပစ်လက်နက်ကြီးတွေ အပါအဝင် လက်နက်ငယ်တွေနဲ့ပါ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ပစ်ခတ်မှုအတွင်း ထိခိုက်ကျဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုတိုက်ခိုက်ခဲ့တာဟာ အမိမြေတော်လှန်ရေးတပ်ဖွဲ့နဲ့အတူ KLG, Alpha, Triple Two, Dragon Brother Task Force, Yoma Fighter, ဗျတ္တညီနောင် မဟာမိတ် PDF အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရှော့တိုက်ဒုံးတွေ၊ လက်လုပ် ၄၀ မမ၊ ၆၀ မမတွေအပြင် မောင်းပြန်လက်နက်ငယ်တွေလည်း ပါဝင်ခဲ့သလို စနိုက်ပါနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနဲ့ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ အမိမြေတော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဝဏ္ဏက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲမှာ PDF ဘက်က စနိုက်ပါနဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၁ ဦး ကျဆုံးတာကို အတည်ပြုလို့ရပြီး တခြားထိခိုက်မှုတွေလည်း ရှိပေမဲ့ အရေအတွက် အတိအကျ မသိရသေးကြောင်းနဲ့ တိုက်ခိုက်ရေးမှာ မိမိတို့ဘက်က လက်ဦးမှုရယူ ပစ်ခတ်ခဲ့တာကြောင့် PDF ပူးပေါင်းအဖွဲ့ဘက်မှာတော့ ထိခိုက်မှုတစုံတရာ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ဘန့်ဘွေးရွာမကျေးရွာအတွင်းကို တပ်စွဲနေထိုင်လာတာ ၄ လကျော်ရှိနေပြီဖြစ်ပြီး တပ်စွဲနေထိုင်စဥ်အတွင်းမှာလည်း PDF အဖွဲ့တွေရဲ့ တိုက်ခိုက်တာကို မကြာခဏခံနေရကာ အနီးဝန်းကျင်မှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေရဲ့ပစ္စည်းတွေကို ယူဆောင်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘန့်ဘွေးရွာမကျေးရွာဟာ မုံရွာ-ယာကြီး-ကလေးဝ လမ်းမကြီးဘေးမှာ တည်ရှိပြီး အဲဒီလမ်းပိုင်းကိုလည်း ပြည်သူတွေအနေနဲ့ သွားလာတာတွေ မပြုလုပ်ကြဖို့ PDF အဖွဲ့တွေက သတိပေးကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013