DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့က Sky Way ကလပ်မီးလောင်(ရုပ်သံ)
DVB
·
June 30, 2022
ရန်ကုန်မြို့က Sky Way ကလပ်မီးလောင်(ရုပ်သံ)
Donate to DVB

ရန်ကုန်၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကမ်းနားလမ်းနဲ့ အလုံလမ်းထောင့်မှာ တည်ရှိတဲ့ Sky Way Club & KTV မှာ ဇွန် ၂၉ ရက် ည ၁၀ နာရီခွဲလောက်က  မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

အဆိုပါမီးလောင်မှုကို အလုံမြို့နယ် မီးသတ်စခန်းက Level 2 ယာဉ်အုပ်စုတွေ ထွက်ခွာမီးငြှိမ်းသတ်ခဲ့ပြီး ၁၀ နာရီ မိနစ် ၄၀ မှာ  မီးထိန်းနိုင်ကာ ည ၁၁ နာရီမှာ မီးငြိမ်းသွားခဲ့တယ်လို့မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါ Sky Way Club & KTV ဟာ ပြည်သူတွေ သပိတ်မှောက်ထားခဲ့ကြတဲ့ စစ်တပ်ထုတ်ကုန်တွေ ရောင်းချတာ၊ စစ်အုပ်စုနဲ့ နီးစပ်မှုတွေကြောင့် ပြီးခဲ့တဲ့ မတ်လတုန်းက မြို့ပြပြောက်ကျားအဖွဲ့တဖွဲ့ဖြစ်တဲ့ Dark Shadow အဖွဲ့က ဗုံးဖောက်သတိပေးခံခဲ့ရဖူးပါတယ်။

လတ်တလောမှာတော့ ဒီမီးလောင်မှုသတင်းနဲ့ ပတ်သက်ပြီးတော့ လူမှုကွန်ရက်စာမျက်နှာတွေပေါ် မှာ ဓာတ်ပုံတွေ၊ ရုပ်သံတွေ မျှဝေမှုတွေနဲ့အတူ ဝေဖန်မှုတွေလည်း မြင့်တက်နေပြီး  လတ်တလောမှာတော့ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုပမာဏကို မသိရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013