DVB Logo
Home
မြန်မာသတင်း
“မမများနဲ့ပွဲကမယ်”ကမ်ပိန်းစတင်၊ ရက် ၃၀ အတွင်း ကျပ်သိန်း ၁၅၀၀၀ ရရှိရန် မျှော်မှန်း
DVB
·
June 27, 2022
“မမများနဲ့ပွဲကမယ်”ကမ်ပိန်းစတင်၊ ရက် ၃၀ အတွင်း ကျပ်သိန်း ၁၅၀၀၀ ရရှိရန် မျှော်မှန်း
Donate to DVB

စစ်ကိုင်းတိုင်းဒေသ တိုက်ပွဲတွေကြားက လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် “မမများနဲ့ပွဲကမယ်” ကမ်ပိန်းကို စတင်နေပြီး ရက်ပေါင်း ၃၀ အတွင်း ကျပ်သိန်းပေါင်း ၁၅,၀၀၀ ထိ ရရှိနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ထုတ်ပြန်ပါတယ်။

လတ်တလောမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးကာလဟာ ၁၇ လကြာ ရှိလာခဲ့ပြီဖြစ်ကာ ဒီကာလအတွင်းမှာ နိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းရဲဘော်တွေ၊ မတရားဖမ်းဆီး နှိပ်စက်ခံထားရတဲ့ ပြည်သူတွေနဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်တွေနဲ့ ရွာတွေ အများကြီး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးတိုက်ပွဲများစွာဟာ နိုင်ငံအနှံ့ဒေသအသီးသီးမှာ ဖြစ်ပွားနေပြီး ဒီဒေသတွေထဲက စစ်ကိုင်းတိုင်းဒေသဟာ စစ်ကောင်စီရဲ့ အင်အားအလွန်အကျွံသုံးကာ ဖျက်ဆီးတိုက်ခိုက်မှုတွေကို ခံစားနေရပြီး နေ့စဉ်နဲ့အမျှ ဒီဖျက်ဆီးမှုတွေကြောင့် စစ်ဘေးရှောင် ပြည်သူတွေနဲ့ ထိခိုက်ပျက်စီး မှုတွေက များပြားလာနေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒီဒေသအတွက် “မမများနဲ့ပွဲကမယ်”ကမ်ပိန်းကို  ဇွန် ၂၆ မှာ စတင်လိုက်ပြီး လာမယ့် ဇူလိုင် ၂၅ ရက်အထိ ရက် ၃၀ ကာလအတွင်းမှာ Phase 1 အနေနဲ့ သိန်း ၁၅၀၀၀ ရရှိနိုင်ဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။

“မမများနဲ့ပွဲကမယ်” အနေနဲ့ သိပ်မကြာခင်ကလည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီဒေသတိုက်ပွဲကြားက လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် ၂၁ ရက်တာ ကမ်ပိန်းမှာ ကျပ်သိန်း ၅,၈၀၀ ကျော်ထိ ရှာဖွေ ပေးနိုင်ခဲ့ပါတယ်။

“ပြည်သူနဲ့အတူ မမမြင်ပါတယ်၊ ကြားပါတယ်။ ဒါကြောင့် ကရင်နီငွေလွှဲကိစ္စတွေ အမြန်ဖြတ်ပြီးတာနဲ့ လုံးဝမနားပဲ အားလုံးမျှော်လင့်ထားတဲ့အတိုင်း စစ်ကိုင်းအတွက်ပွဲထွက်ပါပြီ။ ဒီနေရာမှာ ပြည်သူကို အသိပေး လိုတာက စစ်ကိုင်းတိုင်းက ကယ်တင်ရမယ့်နေရာအားလုံးပေါင်းရင် ကရင်နီရဲ့ (၆) ဆရှိပါတယ်။ ဒါကြောင့် မမတို့အနည်းဆုံး သိန်း (၃၀၀၀၀) ရှာရမှာဖြစ်ပါတယ်။ မမရောက်တဲ့ဒေသမှာ မြို့တစ်မြို့၊ ရွာတစ်ရွာ၊ တပ်ရင်းတစ်ခုစာ ကယ်တင်ရုံနဲ့ လွတ်မြောက်မှာမဟုတ်ပါဘူး။ မမတို့သည် ဒေသတစ်ခုလုံးစာ တွေးနိုင်၊ ပြင်နိုင်၊ ကယ်နိုင်ရပါမယ်။ ဒါဆိုဘာလို့ သိန်း (၁၅၀၀၀) လို့ခေါင်းစဉ်တပ်လဲလို့မေးရင် ပြည်သူကိုလဲ မမတို့ငဲ့ပါတယ်။ ဒါကြောင့် Project ကို Phase (1) and Phase (2) ခွဲပြီး တဖြတ်စီကောက်ခံပေးမှာဖြစ်ပါတယ်။ ဒီတော်လှန်ရေးကို နိုင်အောင်ကိုတိုက်မှာလို့ ဆုံးဖြတ်ထားပြီးဖြစ်လို့ ဒီပွဲနိုင်ဖို့ဆို အခရာဖြစ်တဲ့ ပြည်သူ၊ ပီဒီအက်ဖ်၊ ထောက်ပို့အားလုံး စုစည်းပြီးပြိုင်တူ အားကုန်ရုန်းကြရမှာဖြစ်ပါတယ်။”

လတ်တလော စစ်ကိုင်းပရောဂျက်အတွက် ဒီကမ်ပိန်းမှာလည်း  စင်ကာပူ၊ မြန်မာ၊ မလေးရှား၊ အမေရိကန်၊ တောင်ကိုရီးယား၊ ယူအေအီး၊ ဂျာမနီ၊ ဩစတေးလျ၊ ထိုင်း၊ ဂျပန်၊ နယူးဇီလန်၊ ပြင်သစ်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ယူကေ၊ ထိုင်ဝမ်စတဲ့ နိုင်ငံအသီးသီးက ရန်ပုံငွေရှာဖွေရေး အဖွဲ့တွေ အသီးသီးနဲ့ ဆက်သွယ်လှူဒါန်းနိုင်ဖို့ နှိုးဆော်ထားခဲ့ တာဖြစ်ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကိုတော့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက နေတဆင့် ပေးပို့ကူညီသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့ ပြင်းထန်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013