DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံထားရသည့် ပင်းတယလွှတ်တော်အမတ် ဒေါ်မမလေးနေအိမ် ချိပ်ပိတ်ခံရ
DVB
·
June 27, 2022
ဖမ်းဆီးခံထားရသည့် ပင်းတယလွှတ်တော်အမတ် ဒေါ်မမလေးနေအိမ် ချိပ်ပိတ်ခံရ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပင်းတယမြို့နယ် အနောက်ရပ်ကွက် ရှိ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသားလွှတ်တော်အမတ် ဒေါ်မမလေးရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က ဇွန် ၂၅ ညနေပိုင်းမှာ လာရောက် ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

‌အသက် ၅၉ နှစ်အရွယ် ဒေါ်မမလေးဟာ ၂၀၁၅ - ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်၊ ရှမ်းပြည်နယ်အမှတ်(၈) မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂ ကြိမ်ဆက် အနိုင်ရရှိထားသူဖြစ်သလို သားဖြစ်သူ ကိုနေမျိုးထက် မှာ သမဝါယမ CDM ဝန်ထမ်းဖြစ်တယ်လို့  သိရပါတယ်။ 

ဒေါ်မမလေး နဲ့ သားဖြစ်သူ ကိုနေမျိုးထက်တို့ကို ပြီးခဲ့တဲ့ မေလ ၁၄ ရက် နေ့မှာ စစ်တပ်က လာရောက်ဖမ်းဆီးသွားပြီး အိမ်စီးကား ၂ စီးကိုလည်း သိမ်းယူသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

သားအမိနှစ်ဦးလုံး ဒီနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသလို ဘယ်အမှုနဲ့ တရားစွဲဆိုထားတယ်ဆိုတာလည်း မသိရသေးဘူးလို့ ဆိုပါတယ်။ 

ပင်းတယမြို့နယ်မှာ ဒေါ်မမလေး အိမ်အပါအဝင် စစ်ကောင်စီက ချိပ်ပိတ်ခဲ့တဲ့ နေအိမ် ၄ အိမ် အထိ ရှိလာပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013