DVB Logo
Home
မြန်မာသတင်း
မြဝတီမြို့နယ် စစ်ကောင်စီ ဥကရစ်ထစခန်းကို KNDO တိုက်ခိုက်၊ တိုက်ပွဲပြင်းထန်နေ
DVB
·
June 27, 2022
မြဝတီမြို့နယ် စစ်ကောင်စီ ဥကရစ်ထစခန်းကို KNDO တိုက်ခိုက်၊ တိုက်ပွဲပြင်းထန်နေ
1 / 2
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၆ နယ်မြေ၊ မြဝတီမြို့နယ် ဝေါလေဒေသ စစ်ကောင်စီရဲ့ ဥကရစ်ထခြေကုပ်စခန်းကို KNDO အထူးကွန်မန်ဒိုတပ်ရင်း VENOM စစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်ဖို့လုပ်ဆောင်ရာ ဇွန် ၂၇ မွန်းလွဲပိုင်းအထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ 

စစ်ကောင်စီရဲ့ ဥကရစ်ထခြေကုပ်စခန်းကို တိုက်ခိုက်ရာမှာ KNDO အထူးကွန်မန်ဒိုတပ်ရင်း စစ်ကြောင်းမှူး စောဝင်းမြင့် ဦးဆောင်တဲ့ VENOM စစ်ကြောင်းက ဇွန် ၂၆  မနက် ၅ နာရီကစတင်ပြီး ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး နှစ်ဖက်ကျဆုံးမှုများပြီး တိုက်ပွဲတွေက ပြင်းထန်နေတယ်လို့ VENOM ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို အထူးကွန်မန်ဒို VENOM စစ်ကြောင်းနဲ့အတူ KNDO၊ ကော်ဘရာစစ်ကြောင်းကပါ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

VENOM စစ်ကြောင်းသတင်းပြန်ကြားရေးတာဝန်ခံက “စခန်းကတော့ အခုထိတိုက်နေတုန်းပဲ။ နှစ်ဖက်ကျဆုံးမှုတွေရှိတယ်။ အထူးကွန်မန်ဒို VENOM စစ်ကြောင်းမှူးနဲ့အတူ KNDO၊ ကော်ဘရာစစ်ကြောင်းကပါ ပူးပေါင်းတိုက်ခိုက်နေတယ်။ တိုက်ပွဲကတော့ ပြင်းထန်တယ်။ ဒီလောက်ပဲ ပြောလို့ရသေးတယ်” လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဝေါလေစစ်ဗျူဟာကုန်းဘက်ကနေ လက်နက်ကြီးပစ်ကူ အဆက်မပြတ်ပစ်ခတ်ပေးနေတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီရဲ့ ဥကရစ်ထခြေကုပ်တပ်စခန်းဟာ  မြဝတီ၊ သေ့ဘောဘိုး၊ ဝေါလေ မြို့သစ် အဝင် မုလအိ၊ စုကလိလမ်းပိုင်းလမ်းဆုံမှာ စခန်းတည်ဆောက်ထားတာဖြစ်ပြီး စစ်ရေးအရ အချက်အချာကျတဲ့ စခန်းတခုဖြစ်တယ်လို့ ကေအန်ယူသတင်းရင်းမြစ်ဆီက သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာတွေကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မေ ၁၈ ရက်က သေ့ဘောဘိုး စစ်ကောင်စီတပ်စခန်းကို KNLA၊ KNDO၊ PDF  ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများစွာနဲ့ စစ်သုံ့ပန်း ၆ ဦး ဖမ်းဆီးရမိခဲ့သလို စစ်ကောင်စီဘက်က သေဆုံးသူအများအပြားရှိပြီး သောင်းရင်းမြစ်တဘက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားသူတွေလည်း ရှိခဲ့ပါတယ်။

ကေအန်ယူ၊ တပ်မဟာ ၆ နယ် မြေအတွင်း စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာမှာ ဥကရစ်ထခြေကုတ်စခန်းအပါအဝင် စခန်း ၆ ခုကို KNLA ၊ KNDO၊ PDF  ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013