DVB Logo
Home
မြန်မာသတင်း
ဘိုကလေးတွင် ညမထွက်ရအမိန့်ကြောင့် ၁ လအတွင်း လူ ၆၀ ကျော်အဖမ်းခံရ
DVB
·
June 27, 2022
ဘိုကလေးတွင် ညမထွက်ရအမိန့်ကြောင့် ၁ လအတွင်း လူ ၆၀ ကျော်အဖမ်းခံရ
1 / 2
Donate to DVB

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ မေလကနေ ဇွန်လအထိ ၁ လအတွင်း ညမထွက်ရအမိန့်ကြောင့် ဒေသခံ ပြည်သူ ၆၀ ကျော်ဖမ်းဆီးခံရတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။ 

စစ်ကောင်စီကထုတ်ထားတဲ့ ညမထွက်ရအမိန့်ကြောင့် ဖမ်းဆီးခံရတဲ့ ဒေသခံပြည်သူ ၆၀ ကျော်ထဲမှာ ကိုယ်ဝန်ဆောင်တယောက်လည်း ပါဝင်နေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။ 

“အမှန်ဆို ည ၁၀ နာရီက နည်းတယ်၊ ၁၂ နာရီလောက်ဆိုတော်သေးတယ်။ တချို့ အလုပ်လုပ်ပြီး ပြန်လာလို့ အဖမ်းခံရတာတွေလည်းရှိတယ်။ ပိုက်ဆံမပေးနိုင်တဲ့သူ ထောင်ကျတာပဲ”လို့ ပြောပါတယ်။

ညမထွက်ရအမိန့်ကျော်လွန်ပြီး ဖမ်းဆီးခံရတဲ့ ပြည်သူ ၆၀ ကျော်ထဲမှာ ပိုက်ဆံပေးနိုင်တဲ့သူတွေကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့တာကြောင့် ၇ ယောက်သာ ထောင်ကျခဲ့ပြီး အဲ့အထဲမှာ ကိုယ်ဝန်ဆောင်သည်တဦးပါ ပါဝင်နေတယ် လို့ဆိုပါတယ်။ 

စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ကျော်လွန်လို့ ဖမ်းဆီးခံရတဲ့သူတွေထဲက ၇ ယောက်ကို ပုဒ်မ ၁၈၈ နဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၃ လစီပြစ်ဒဏ်ချမှတ်ခဲ့တာလို့ တရားရုံးအသိုင်းအဝိုင်းက သိရပါတယ်။ 

ညမထွက်ရအမိန့် ကျော်လွန်လို့ ဖမ်းဆီးခံရတဲ့ ဒေသခံပြည်သူတွေထဲမှာ ၇ ဦးသာ ထောင်ကျပြီး ကျန်တဲ့ ၂၁ ဦးကတော့ တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးတွေအပါဝင် နိုင်ငံတဝန်းမှာ ညမထွက်ရအမိန့်တွေကို ဒေသအလိုက် ထုတ်ပြန်ထားတာဖြစ်ပြီး ဘိုကလေးမြို့မှာတော့ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013