DVB Logo
Home
မြန်မာသတင်း
ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီး-နောင်ကြီးအိုင်လမ်း သွားလာခြင်းမပြုကြရန် PDF သတိပေး
DVB
·
June 27, 2022
ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီး-နောင်ကြီးအိုင်လမ်း သွားလာခြင်းမပြုကြရန်  PDF သတိပေး
Donate to DVB

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့ ရွှေဘို - ဆိပ်ခွန် - မူးကမ်းကြီး - နောင်ကြီးအိုင်လမ်းတလျှောက်မှာ ဇွန် ၂၆ ရက်နေ့ကနေ ဇွန် ၃၁ နေ့ အထိ ည ၇ နာရီမှ မနက် ၅ နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ SNAKE  EYES  PDF က ဇွန် ၂၆ ရက်က သတိပေးချက်ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာ ရွှေဘိုမြို့နယ်အနောက်ဘက်ခြမ်းဒေသမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေ တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

Snake Eyes PDF သတင်းပြန်ကြားရေးတာဝန်ခံက “လတ်တလော ဒေသအခြေအနေကတော့ အခု ၆ လပိုင်း ၁၁ ရက်နေ့စပြီး စကစဘက်က စစ်ကြောင်းတွေ တောက်လျှောက် ဖြစ်နေတာဗျ၊ အခု လမ်းပိုင်းထုတ်ပြန်ထားတဲ့ ရွှေဘိုမြို့နယ် အနောက်ဘက်ခြမ်းပေါ့​။ ၁၁ ရက်နေ့က စပြီး ၂၆ ရက်နေ့အထိ စစ်ကြောင်းထိုးလာတာ ၂ ကြိမ် ရှိခဲ့ပြီး ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှု ၅ ကြိမ်ထိ အကြီးအကျယ် ဖြစ်ထားခဲ့တာဗျ။”

အဆိုပါ လမ်းပိုင်းတွေမှာ အချိန်မရွေး ထိတွေ့မှုတွေ ဖြစ်လာနိုင်တာကြောင့် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေစဥ်အတွင်း ခရီးသွားပြည်သူတွေရဲ့ အန္တရာယ်ဖြစ်မှာကို ဦးစားပေးတာက တကြောင်း၊ စကစဘက်က အရပ်သားများရဲ့ ခရီးသွားကားများ အသွင်ယူပြီး သွားလာလှုပ်ရှားနေတာတွေကို ကွဲပြားချင်တာက တကြောင်းကြောင့် ထုတ်ပြန်ရတာလို့ Snake Eyes PDF သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပြည်သူတွေအနေနဲ့ အဆိုပါလမ်းကို မဖြစ်မနေဖြတ်သန်းသွားလာရမယ်ဆိုပါက သက်ဆိုင်ရာအဖွဲ့အစည်းတွေကို သတင်းပို့၊ ချိတ်ဆက်ပြီး သွားလာကြဖို့ Snake Eyes PDF က အသိပေးထားပါတယ်။

သတိပေးထုတ်ပြန်ချက်တွေကို မလိုက်နာဘဲ မောင်းနှင်လာတဲ့ယာဉ်၊ ယာဉ်မောင်း‌တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အာမခံမည်မဟုတ်ဘူးလို့ ဆိုပါတယ်။

လတ်တလောမှာ  တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေတာကြောင့် ရွှေဘိုအနောက်ဘက်ခြမ်းက ကျေးရွာ ၆ ရွာက ရွာသူ၊ ရွာသားတွေဟာ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013