DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို "ဝ" တပ်ဖွဲ့ မီးရှို့ဖျက်ဆီး (ဓာတ်ပုံ)
DVB
·
June 26, 2022
ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို "ဝ" တပ်ဖွဲ့ မီးရှို့ဖျက်ဆီး (ဓာတ်ပုံ)
1 / 6
Donate to DVB

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် "ဝ" ပြည်တောင်ပိုင်း (၁၇၁) စစ်ဒေသအတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးအမျိုးအမျိုးကို ဇွန် ၂၆ ရက်နေ့ ဒီကနေ့မှာ "ဝ"တပ်ဖွဲ့က မီးရှိုးဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

UWSA နယ်မြေ ၁၇၁ စစ်ဒေသမှာ ၂၀၁၉ မှ ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ ၃၂ ဦး၊  စိတ်ကြွဆေးပြား ၁၁,၃၆၆,၁၄၂ ပြား၊ ရေခဲ ၉၀ ထုတ်၊ ဘိန်းမဲ ၅၅ ကီလိုဂ ရမ်၊ ကဖင်းမှုန့် ၁ ပုလင်း၊ နှင်း ၁ ဂရမ်၊ ကဖင်းမှုန့် ၉၀ ထုတ်၊ လိမ္မော်အနံ့ဆေးရည် ၄၀ ပုလင်း၊ မော်လိကျင်အရည် ၈၆ ပုလင်း၊ ကော်မှုန့် ၅၆ ထုတ်၊ ဖန်စီဒိုင်း ၆၀၃ ပုလင်း၊ ပန်းရေညင်းမူးယစ်ဆေးဝါးဆက်စပ်ပစ္စည်း ၅ ထုတ်၊ မူးယစ်ဆေးဝါးရောင်းရတဲ့ငွေ ၅၀၀,၀၁၄ ဘတ်၊ တရုတ်ယွမ်ငွေ ၃၀၉.၁ ယွမ်၊ ကျပ်ငွေ ၃၇၀၆၀၀ ကျပ်၊ဖုန်း ၅၉ လုံး၊ နာရီ ၅ လုံး၊ AK 47 ၃ လက်၊ ကျည်ဆန် ၁၈၉ ခု၊ တူမီး ၂ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လုံး၊ ဗုံးသီး ၁၅ လုံး၊ equipments ၂ ခု၊ ၁၃ မမပစ္စတို ၂ လက်၊ ကျည်ဆန် ၁၀ တောင့်၊ ၉ မမ  ၂လက်၊ ကျည်ဆန် ၅၄ တောင့်၊ M 16 ၂လက်၊ ကျည်ဆန်  ၁၈၁ တောင့်၊ ကျည်ကတ် ၃ ခု၊ AK 47  ၂ လက်၊ ကျည်ဆန် ၁၀၀ တောင့်၊ ဓာတ်မီး ၄၂ တောင့်၊ ကားငယ် ၁၂ စီး၊ ဆိုင်ကယ် ၁၁ စီး၊ စကားပြောစက် ၉ လုံး၊ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၁၉ ဦး၊ မူးယစ်ဆေး ဝါးသုံးစွဲသူ ၅၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ "ဝ" တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

UWSA "ဝ" တပ်ဖွဲ့အပြင် ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ အခြားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကလည်း သူတို့လှုပ်ရှားရာနယ်မြေတွေအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013