Home
သတင်းဓာတ်ပုံ
ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို "ဝ" တပ်ဖွဲ့ မီးရှို့ဖျက်ဆီး (ဓာတ်ပုံ)
DVB
·
June 26, 2022
290626586_350284097252520_4279552478379856615_n
290456805_350284277252502_2136337371625712394_n
290382959_350284257252504_7868781506889306824_n
290362099_350284143919182_6030336795315709070_n
290360774_350284173919179_1107225118229893147_n
290320255_350284307252499_2647292236323701564_n

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် "ဝ" ပြည်တောင်ပိုင်း (၁၇၁) စစ်ဒေသအတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးအမျိုးအမျိုးကို ဇွန် ၂၆ ရက်နေ့ ဒီကနေ့မှာ "ဝ"တပ်ဖွဲ့က မီးရှိုးဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

UWSA နယ်မြေ ၁၇၁ စစ်ဒေသမှာ ၂၀၁၉ မှ ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ ၃၂ ဦး၊  စိတ်ကြွဆေးပြား ၁၁,၃၆၆,၁၄၂ ပြား၊ ရေခဲ ၉၀ ထုတ်၊ ဘိန်းမဲ ၅၅ ကီလိုဂ ရမ်၊ ကဖင်းမှုန့် ၁ ပုလင်း၊ နှင်း ၁ ဂရမ်၊ ကဖင်းမှုန့် ၉၀ ထုတ်၊ လိမ္မော်အနံ့ဆေးရည် ၄၀ ပုလင်း၊ မော်လိကျင်အရည် ၈၆ ပုလင်း၊ ကော်မှုန့် ၅၆ ထုတ်၊ ဖန်စီဒိုင်း ၆၀၃ ပုလင်း၊ ပန်းရေညင်းမူးယစ်ဆေးဝါးဆက်စပ်ပစ္စည်း ၅ ထုတ်၊ မူးယစ်ဆေးဝါးရောင်းရတဲ့ငွေ ၅၀၀,၀၁၄ ဘတ်၊ တရုတ်ယွမ်ငွေ ၃၀၉.၁ ယွမ်၊ ကျပ်ငွေ ၃၇၀၆၀၀ ကျပ်၊ဖုန်း ၅၉ လုံး၊ နာရီ ၅ လုံး၊ AK 47 ၃ လက်၊ ကျည်ဆန် ၁၈၉ ခု၊ တူမီး ၂ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လုံး၊ ဗုံးသီး ၁၅ လုံး၊ equipments ၂ ခု၊ ၁၃ မမပစ္စတို ၂ လက်၊ ကျည်ဆန် ၁၀ တောင့်၊ ၉ မမ  ၂လက်၊ ကျည်ဆန် ၅၄ တောင့်၊ M 16 ၂လက်၊ ကျည်ဆန်  ၁၈၁ တောင့်၊ ကျည်ကတ် ၃ ခု၊ AK 47  ၂ လက်၊ ကျည်ဆန် ၁၀၀ တောင့်၊ ဓာတ်မီး ၄၂ တောင့်၊ ကားငယ် ၁၂ စီး၊ ဆိုင်ကယ် ၁၁ စီး၊ စကားပြောစက် ၉ လုံး၊ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၁၉ ဦး၊ မူးယစ်ဆေး ဝါးသုံးစွဲသူ ၅၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ "ဝ" တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

UWSA "ဝ" တပ်ဖွဲ့အပြင် ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ အခြားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကလည်း သူတို့လှုပ်ရှားရာနယ်မြေတွေအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024