DVB Logo
Home
မြန်မာသတင်း
ရေစကြိုမြို့နယ် ပခန်းငယ်ရဲစခန်းက ရဲတပ်သားတဦး CDM ပြုလုပ်
DVB
·
June 26, 2022
ရေစကြိုမြို့နယ် ပခန်းငယ်ရဲစခန်းက ရဲတပ်သားတဦး CDM ပြုလုပ်
Donate to DVB

မကွေးတိုင်း ရေစကြိုမြို့နယ် ပခန်းငယ်ရဲစခန်းက ရဲတပ်သားတယောက်ဟာ ဇွန် ၂၂ ရက်နေ့မှာ MVRF ကနေတဆင့် CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ မြိုင်မြို့နယ် ကျေးရွာများတော်လှန်ရေးတပ်ဦး MVRF က ဇွန် ၂၅ ရက်နေ့မှာထုတ်ပြန်ပါတယ်။

ရေစကြိုမြို့နယ် ပခန်းငယ်ရဲစခန်းက လ/၂၈၀၂၉၂ ရဲတပ်သား အောင်သူကျော်ဟာ စစ်အာဏာရှင်လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ် မရှိတာကြောင့် ဇွန် ၂၂ ရက်နေ့မှာ  MVRF ကနေတဆင့် CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ MVRF ခေါင်းဆောင် ဦးအောင်ဇေယျက ပြောပါတယ်။

“သူကတော့ အမှန်တရားဘက်ကို ရပ်တည်လာတာဖြစ်ပြီး တပ်တွင်းမှာ ဖြစ်ပျက်နေတာလည်း အနိဌာရုံဆန်တယ်။ ပြည်သူကို အကြမ်းဖက်နေတဲ့ စစ်အုပ်စုနဲ့ မပေါင်းချင်လို့ CDM ဝင်လာတယ်လို့ ယူဆရပြီး သူ့ပြောပြချက်အရဆိုရင် တပ်တွင်းထဲမှာလည်း တပ်ပျက်နေပြီး သေဖို့ရာခိုင်နှုန်းများနေပြီလို့ ပြောပါတယ်။”
အဲဒီတပ်သားဟာ လက်နက်က ယူဖို့ အခက်ခဲရှိတဲ့အတွက် လက်နက်မပါဘဲ ကိုယ်လွတ်ရုန်းခဲ့ရတယ်လို့ သိရတယ်။ 

MVRF ကနေတဆင့် ပြည်သူ့ရင်ခွင် ခိုဝင်လာသူ ၄ ယောက်ရှိပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးထားသူတွေရှိသလို MVRF မှာ ဆက်လက်တာဝန်ထမ်းဆောင်နေသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“အခုလို ပြည်သူဘက်ကို ရပ်တည်ခိုလှုံလာတဲ့ တပ်ဖွဲ့ဝင်တွေအားလုံးကို ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ကောင်းကောင်းမွန်မွန် ကြိုဆိုလက်ခံပေးပြီး နောက်ထပ် ရုံးမထွက်နိုင်သေးတဲ့ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့လလည်း အမြန်ဆုံး ပြည်သူ့ရင်ခွင်ကို ခိုလှုံပေးကြဖို့ တိုက်တွန်းလိုတယ်” လို့ ဦးအောင်ဇေယျက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့  စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေတာပါ။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုး သားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013