DVB Logo
Home
မြန်မာသတင်း
လောင်းလုံး၌ ၁၀ ရက်အတွင်း စစ်ကောင်စီတပ် မီးရှို့လုယက်မှုကြောင့် ကျပ်သိန်း ၆၄၀ ကျော်ဖိုး ဆုံးရှုံး
DVB
·
June 26, 2022
လောင်းလုံး၌ ၁၀ ရက်အတွင်း စစ်ကောင်စီတပ် မီးရှို့လုယက်မှုကြောင့် ကျပ်သိန်း ၆၄၀ ကျော်ဖိုး ဆုံးရှုံး
1 / 2
Donate to DVB

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ အကြမ်းဖက်မီးရှို့ဖျက်ဆီး လုယက်မှုကြောင့် ၁၀ ရက်တာအတွင်း ကျပ်သိန်းပေါင်း ၆၄၇ သိန်းကျော်ဖို့း ဆုံးရှုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက မီးရှို့လို့ နေအိမ်ပြာကျတဲ့ RC နှစ်ထပ်အိမ်၊ အသေးစားနေအိမ်မီးလောင်ဆုံးရှုံးမှု၊ စစ်ကောင်စီတပ်သားတွေ မတရားလုယူသွားတဲ့ ပြည်သူတွေရဲ့ ငွေသား၊ လက်ဝတ်ရတနာ၊ ဖုန်းနဲ့ ဆိုင်ကယ် (၇) စီး စတာတွေကို ကာလပေါက်စျေးနဲ့ တွက်ထားတာလို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါတာဝန်ရှိသူက “ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ လူသားမဆန်တဲ့ လုပ်ရပ်တွေ ကျူးလွန်လုပ်ဆောင်ခဲ့တာကို ပြည်တွင်းနဲ့ နိုင်ငံတကာသိအောင် ထုတ်ပြန်ခြင်းဖြစ်တယ်” လို့ ပြောပါတယ်။

ဇွန် ၁၆ ရက်နေမှ ၂၅ ရက်နေ့အထိ ၁၀ ရက်အတွင်းမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူ ၄၀၀၀ လောက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ ဆေးဝါး၊ ယာယီတဲ၊ Power Bank၊ ဖုန်းဘေနဲ့ ငွေသားပံပိုးမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါတာဝန်ရှိသူက “ပြည်သူအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ပြည်သူတွေရဲ့ အခက်ခဲကို ကူပေးနိုင်တာ ကူပေးဖို့ လုပ်ငန်းအစီအစဥ်တွေ စနစ်တကျချမှတ်ပြီး မြေပြင်တော်လှန်ရေးအစုအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက် ပေးလျက်လည်း ရှိပါတယ်။ တကယ်ခက်ခဲနေတဲ့ လောင်းလုံးမြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့လည်း ကြိုက်တဲ့အချိန်မှာ မည်သည့်အကူညီမဆို တောင်းခံကြဖို့ တိုက်တွန်းပါတယ်” လို့ ဆိုပါတယ်။

လောင်းလုံးမြို့ပေါ်နဲ့ ကျေးရွာများအတွင်း ပြည်သူ ၃၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး အမျိုးသား ၂၆ ဦးနဲ့ အမျိုးသမီး ၁၃ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူတွေကို လောင်းလုံးမြို့မရဲစခန်းမှာ စစ်ဆေးနေပြီး တချို့ကို စစ်ကောင်စီတပ်က ထားဝယ်မြို့ကို ထောင်ကားနဲ့ ခေါ်ယူသွားတယ်လို့ မျက်မြင်တွေ့ရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ကတည်းက လောင်းလုံးမြို့နယ်ကို စစ်ကောင်စီတပ်သားတွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ကာ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်ဖိနှိပ်နေပြီး PDF တွေကို တောနင်းရှာဖွေနေတာလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013