DVB Logo
Home
မြန်မာသတင်း
ဘီးလင်းမြို့နယ်၌ အန်အယ်လ်ဒီအမတ်ကို ဖမ်းဆီးလာသည့် စစ်ကောင်စီတပ်ကို KNLA က ကြားဖြတ်တိုက်ခိုက်
DVB
·
June 25, 2022
ဘီးလင်းမြို့နယ်၌ အန်အယ်လ်ဒီအမတ်ကို ဖမ်းဆီးလာသည့် စစ်ကောင်စီတပ်ကို KNLA က ကြားဖြတ်တိုက်ခိုက်
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ ဇွန် ၂၄ ရက်မှ  ၂၅ ရက်အထိ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက ပြောပါတယ်။

ဖမ်းဆီးခံ အန်အယ်လ်ဒီအမတ် ဦးကျော်မျိုးမင်း အပါအဝင် အန်အယ်လ်ဒီပါတီဝင် ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးချုပ်နှောင်ထားတဲ့ ဒေါဇံကြီး ဘုန်းကြီးကျောင်းကနေ ဘီးလင်းမြို့နယ် စစ်ကောင်စီလေးကေစခန်းဆီ ပြောင်းရွှေ့ဖို့ ခေါ်ဆောင်လာစဉ် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

ဖမ်းဆီးခံ အန်အယ်လ်ဒီအမတ်ကို ခေါ်ဆောင်လာတဲ့ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်တာအပြင် ချီတက်ရာလမ်းတလျှောက်မှာ ပိတ်ဆို့ တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့က တိုက်ပွဲ တစ်နေ့ကုန်နီးပါးကြာ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်က ၇ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ KNU သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

အဲဒီတိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်ဟာ တပ်အင်အား ထပ်မံ ဖြည့်တင်းပြီး ဖမ်းဆီးခံ အန်အယ်လ်ဒီအမတ်ကို ခေါ်ဆောင်ပြီး ဆက်လက် ချီတက်လာတာကြောင့် ဇွန် ၂၅ ရက်နေ့မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

နှစ်ဖက်တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတဲ့အတွက်ကြောင့် မြေပြင် အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ KNU သထုံခရိုင် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

အန်အယ်လ်ဒီအမတ် ဦးကျော်မျိုးမင်း၊ ရပ်ကျေး အန်အယ်လ်ဒီပါတီဝင်တွေဖြစ်တဲ့ ဦးပန်းမြင့်၊ ဦးကိုကိုမောင်နဲ့ ရွာသားတစ်ဦးဟာ ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်က အလုပ်ကိစ္စတစ်ခုနဲ့ အပြန် ဘီးလင်းမြို့နယ် လယ်ကတဲကျေးရွာအရောက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုးပြီး ပစ်ခတ်ဖမ်းဆီးခံလိုက်ရတာပါ။

ပစ်ခတ်ဖမ်းဆီးခံရပြီးနောက် ရွာသား ဖြစ်သူကို စစ်ကောင်စီတပ် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013