DVB Logo
Home
မြန်မာသတင်း
ငွေကြေးအခက်အခဲကြောင့် ၅ နှစ်ကျော် ပိတ်ထားခဲ့ရသည့် Kwe Ka Baung ကျောင်း ပြန်ဖွင့် (ဓာတ်ပုံ)
DVB
·
June 24, 2022
ငွေကြေးအခက်အခဲကြောင့် ၅ နှစ်ကျော် ပိတ်ထားခဲ့ရသည့် Kwe Ka Baung ကျောင်း ပြန်ဖွင့် (ဓာတ်ပုံ)
1 / 21
Donate to DVB

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စစ်ဘေးရှောင် ကလေးငယ်တွေအတွက် ရည်ရွယ်တည်ထောင်ထားတဲ့ Migrant ကျောင်းတခုဖြစ်တဲ့ Kwe Ka Baung ကို ဇွန်  ၂၀   ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။

အဆိုပါ Kwe Ka Baung ကျောင်း (ကရင်ဘာသာဖြင့်  ဇွဲကပင်ဟု အမည်ရသည်) ကို ဖားအံမြို့ဖွား ကရင်လူမျိုး အဖိုးမန်းဗလစိန်က ၁၉၈၆ ခုနှစ်မှာ ထိုင်းဘုန်းတော်ကြီးတပါးရဲ့ ကူညီစောင့်ရှောက်မှုနဲ့ စတင်တည်ထောင်ခဲ့တာပါ။

ရွှေ့ပြောင်းမြန်မာအလုပ်သမားများ၊ စစ်ဘေးရှောင် ပြည်သူတွေရဲ့ ကလေးငယ်တွေ ပညာရေးနဲ့ ဝေးကွာပြီး ဆင်းရဲဒုက္ခဖြစ်မှာကို စိုးရိမ်တာကြောင့် တည်ထောင်ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။

Kwe Ka Baung ကျောင်းမှာ KG တန်းမှ Grade 12 အထိ ကျောင်းသား ကျောင်းသူပေါင်း ၂၅၆  ဦး တက်ရောက် ပညာသင်ကြားနေပြီး စေတနာ့ဝန်ထမ်းလုပ်အားပေးတွေနဲ့ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာကြရတဲ့ CDM ဝန်ထမ်း ဆရာ/ဆရာမ ၃၂  ဦးက ပညာသင်ကြားပေးနေပါတယ်။ ကူညီထောက်ပံ့မယ့် အလှူရှင်အခက်အခဲရှိတာကြောင့် ဆရာ/ဆရာမတွေကို လုပ်ခ လစာအအနေနဲ့ သတ်မှတ်ပေးနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

ကျောင်းသင်ရိုးညွှန်းတမ်းအား မြန်မာသင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားနေပြီး ထိုင်းဘာသာစကား၊ စကောကရင်ဘာသာစကားနဲ့ ပိုးကရင်ဘာသာစကားကိုပါ ဖြည့်စွက်သင်ကြားပေးနေပါတယ်။

ကျောင်းဝတ်စုံမှာ တနင်္လာနဲ့ သောကြာနေ့တွေ အနီရောင် ကရင်ဝတ်စုံကို ဝတ်ဆင်ရပြီး ကရင်လူမျိုးတွေကို ချစ်ခင်တဲ့ ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံအား ကိုယ်စားပြုတဲ့ ခရမ်းရောင်ဝတ်စုံနဲ့ ကျန်နှစ်ရက်မှာတေ့ ထိုင်းအစိုးရကျောင်း ယူနီဖောင်း အဖြူ/ပြာ ဝတ်စုံအားသတ်မှတ်ထားပါတယ်။

Kwe Ka Baung ကျောင်းမှာ လက်ရှိ သင်ထောက်ကူပစ္စည်း၊ ဖတ်စာအုပ်၊ ဗလာစာအုပ်နဲ့ စာရေးကိရိယာ ထောက်ပံ့မှုတွေ လိုအပ်နေပြီး ကျောင်းအိပ်၊ ကျောင်းစား နေထိုင်သူ ကျောင်းသား/ကျောင်းသူတွေနဲ့ ဆရာ/ဆရာမတွေအတွက် ရေချိုးကန်နဲ့ သန့်စင်ခန်း ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ၊ တာ့ခရိုင်မှာ ရွှေ့ပြောင်းဒေသပညာရေးကျောင်း  ၆၄ ကျောင်းရှိပြီး Kwe Ka Baung လည်း တခုအပါအဝင်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013