DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော်ထောင်တွင် သီးသန့် တဦးတည်း အကျဉ်းချထား
DVB
·
June 23, 2022
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော်ထောင်တွင် သီးသန့် တဦးတည်း အကျဉ်းချထား
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သက်ဆိုင်ရာတရားရုံးတွေက တရားစီရင်ပြီးဖြစ်ကြောင်း ပြစ်မှုဆိုင်ရာဥပဒေတွေအရထောင်သို့ ပြောင်းရွှေ့လိုက်ပြီး ထောင်မှာ သီးခြားကောင်းမွန်စွာထားရှိတယ်လို့ စစ်ကောင်စီက ဇွန် ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လ ၂၂ ရက်က နေပြည်တော်အချုပ် ထောင်၀င်းအတွင်းရှိ သီးသန့်အဆောက်အဦ တခုမှာ ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့ သတင်းမှန်ကန်ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က  ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲကိုပဲ ပြောင်းရွှေ့လိုက်တာဖြစ်ပြီး သူနဲ့ အတူနေမိသားစုတွေကတော့ လိုက်ပါခွင့်မရတော့တဲ့အကြောင်းနဲ့  စားရေးသောက်ရေးအတွက် သူ့ရဲ့ ရှေ့နေအဖွဲ့ကလည်း စီစဉ်ပေးထားသလို စစ်ကောင်စီဘက်ကလည်း စီစဉ်ပေးတယ်လို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။

“အန်တီနဲ့ အတူနေသူတွေတော့ မပါဘူး။ အန်တီတစ်ယောက်ထဲပဲ။ သမ္မတလည်း မပါဘူး  လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒီနေ့ ဇွန်လ ၂၃ ရက်နေ့မှာ သြစတြေးလျနိုင်ငံသား ရှောင်တာနယ်အမှုကို နေပြည်တော်အချုပ်ထောင်အတွင်း သီးသန့်အထူးတရားရုံးအသစ်မှာ စတင်ရုံးထုတ်စစ်ဆေးခဲ့ပြီး ပြန်ခေါ်သက်သေအဖြစ် ရဲမှူး အောင်ကျော်ဆန်းကို စစ်ဆေးခဲ့ပါတယ်။

ရှောင်တာနယ်ကို စစ်ကောင်စီက လ.ဝ.က အက်ဥပဒေ၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ -၁(ဂ)တို့နဲ့ စွဲဆိုထားပြီး မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁(ဂ)အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန် ကြီး)၊ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့ကိုအမှုတွဲအဖြစ် တရားစွဲဆိုထားဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013