DVB Logo
Home
မြန်မာသတင်း
အင်းစိန်မြို့နယ်တွင် လျှပ်စစ်ဝန်ထမ်းများက မီးလိုက်ဖြတ်နေ
DVB
·
June 23, 2022
အင်းစိန်မြို့နယ်တွင် လျှပ်စစ်ဝန်ထမ်းများက မီးလိုက်ဖြတ်နေ
Donate to DVB

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ ဇွန် ၂၁ ရက်ကစတင်ပြီး လျှပ်စစ်အင်ဂျင်နီယာရုံးက မီတာပုံးတွေ ကြိုးလိုက်ဖြတ်ပြီး လျှပ်စစ်မီးလိုက်  ဖြတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းစိန်မြို့နယ်၊ မုဒိတာအိမ်ရာမှာ လျှပ်စစ်မီတာခပေးဆောင်ထားတဲ့ နေအိမ်ခန်းတွေရော မီတာခ မပေးဆောင်တဲ့ အိမ်ခန်းတွေကိုပါ မီးကြိုးတွေလိုက်ဖြတ်ချခဲ့တာလို့ အိမ်ရာဝင်းအတွင်း နေထိုင်သူတွေထံက သိရပါတယ်။

အိမ်ရာဝင်းအတွင်းနေထိုင်သူ အမျိုးသမီးတဦးက "ကျမတို့အိမ်က မီတာဆောင်ထားတယ်၊ ချလံတွေဘာတွေလည်း လာဖြတ်တဲ့သူတွေကို ပြတယ်။ မီတာခ လတိုင်းဆောင်နေတာကို မီးကြိုးဖြတ်ချသွားတယ်။ မီတာခမဆောင်တဲ့ အိမ်တွေကိုလည်း ဖြတ်တယ်" လို့ ပြောပါတယ်။

မီတာခ လစဉ်ဆောင်တဲ့အိမ်ဖြစ်စေ မဆောင်တဲ့အိမ်ဖြစ်စေ အင်းစိန် လျှပ်စစ်အင်ဂျင်နီယာရုံးက ဝန်ထမ်းတွေနဲ့ အရပ်ဝတ်တွေက မီးကြိုးတွေ လိုက်ဖြတ်နေတာလို့ ဆိုပါတယ်။

လျှပ်စစ်ဝန်ထမ်းတဦးက “ကျနော်တို့ကို ရုံးက မီးသွားဖြတ်ဆိုလို့ဖြတ်တာ။ ဆောင်တဲ့အိမ်ကော မဆောင်တဲ့အိမ်ကောဖြတ်ဆိုလို့ ဖြတ်တာ။ ရုံးမှာပဲ ရှင်းလို့ရမယ်။ ကျနော်တို့ကတော့ မသိဘူး” လို့ ပြောပါတယ်။

မီတာခမပေးဆောင်ရသူတွေအနေနဲ့ အင်းစိန်လျှပ်စစ်အင်ဂျင်နီယာရုံးမှာ မီတာခ သွားရောက်ပေးဆောင်ရပြီး မီတာကြိုး ပြန်တပ်တဲ့အတွက်လည်း အခကြေးငွေ ပေးဆောင်ရတယ်လို့လည်း သိရပါတယ်။

အိမ်ရာဝင်းအတွင်းနေထိုင်သူ အမျိုးသားတဦးက “အင်းစိန်လျှပ်စစ်အင်ဂျင်နီယာရုံးမှာ အကြာကြီး တန်းစီပြီးစောင့်ရတယ်။ ရုံးရှေ့မှာ မနက် ၆ နာရီလောက်ကတည်းက တန်းစီတဲ့လူက မနည်းဘူး။ မီတာခဆောင်ပြီးသွားလည်း ဒဏ်ကြေးငွေဆောင်ရသေးတယ်။ မပြီးသေးဘူး။ မီးဖြတ်ခံထားရတဲ့ အိမ်တွေက လူတွေ ဗိုလ်ကြီးနဲ့သွားတွေ့ဆိုပြီး ဗိုလ်ကြီးကို မီးဖြတ်ထားကြောင်း သွားပြောရတယ်။ မီးပြန်တပ်ပေးတဲ့သူကို ၅,၀၀၀ ပေးရတယ်” လို့ ပြောပါတယ်။

မီတာကြိုးတွေ လိုက်လံဖြတ်ချခဲ့တဲ့ အင်းစိန်လျှပ်စစ်အင်ဂျင်နီယာရုံး ခေါင်မိုးပေါ်မှာ ဇွန် ၁၆ ရက် မနက်ပိုင်းက မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတလုံး တွေ့ရှိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013